ကျန်းနန်၏အမူအရာပြောင်းသွားပြီး "ချန်းကျစ် မင်းရူးသွားပြီလား မင်းတကယ် ချန်းချယ်နဲ့ တိုက်ခိုက်တော့မှာလား"သူ့ညီအစ်ကိုကို ဘယ်လိုပြောရမှန်း ချန်းကျစ်မသိချေ။ အရက်သောက်ပြီးနောက် သူ့ဦးနှောက်က နည်းနည်းနှေးကွေးသွား၏။ ခဏကြာပြီးမှ သူက စကားတစ်ခွန်းချင်းစီ ပြန်ဖြေသည်။"အပန်းဖြေဉယျာဉ် ဆောက်ဖို့က မခက်ဘူး ငါက ပြီးအောင်ဆောက်ချင်နေရုံပါပဲ အဲဒါက... သူမအပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းမေတ္တာကို အောက်မေ့သတိရတာ အဲ့လိုသဘောမျိုးပဲ"
အဆုံးတွင် ချန်းကျစ်၏လေသံက တိုးသွားသော်လည်း ကျန်းနန်ကတော့ အားလုံးကြားလိုက်ရဆဲပင်။ သူ သက်ပြင်းချလိုက်မိ၏။ "မင်း အရင်က ဆက်ဆံရေးတစ်ခု မရှိဖူးခဲ့ရုံပါပဲ မင်းသာ ငါ့လိုမျိုး မရေမတွက်နိုင်တဲ့ မိန်းမလှလေးတွေ ထားခဲ့ဖူးမယ်ဆိုရင် အခု ဒီလိုလုပ်နေမှာ မဟုတ်ဘူး"
ချန်းကျစ်က ဝိုင်တစ်ငုံသောက်ပြီး ပြုံး၍ ပြန်မဖြေချေ။
“အကယ်၍ မည်သို့ဖြစ်ခဲ့လျှင်” ဟူသော မေးခွန်းမျိုးသည် လက်ရှိအခြေအနေကို ဖြေရှင်းရာတွင် အသုံးမ၀င်နေပေ။
ကျန်းနန်က သူ့ကို ထပ်၍စည်းရုံးချင်နေဆဲပင်။ "မင်း အပန်းဖြေဉယျာဉ်ကို သူ့ကောင်မလေးရဲ့နာမည်ပေးမယ်ဆိုရင် သူတန်ပြန်တိုက်ခိုက်မှာကို မကြောက်ဘူးလား"
ချန်းကျစ်က ဝိုင်တငုံထပ်သောက်လိုက်ပြီးနောက် သူ့လေသံက ပို၍ရွှတ်နောက်နောက်နိုင်လာပြီး "ဘာကိုကြောက်ရမှာလဲ၊ ငါ့မှာ အသက်မွေးဝမ်းကျောင်းတစ်ခုရှိတယ် ငါ ချန်းမိသားစုကို အမွေမဆက်ခံနိုင်တော့လို့ အရင်အစီအစဥ်အများစုကို ပြန်ပြီးစီစဉ်ထားဖို့ လိုအပ်ပေမယ့် အနာဂတ်ကျရင် အစာစားဖို့အတွက် သူ့ကို အားကိုးစရာမလိုဘူးလေ ဘာကြောက်စရာရှိလဲ”
ကျန်းနန် သက်ပြင်းချလိုက်ပြန်သည်။ ချန်းကျစ်၏ စကားများက စည်းဘောင်လွတ်နေပြီ။
ဤကိစ္စက သိပ်မမှန်နေဘူးဟု သူခံစားရသည်။"ချန်းချယ်က ရိုးရှင်းတဲ့လူတစ်ယောက်လို့တော့ ငါမထင်ဘူး သူက သူ့ကောင်မလေးကိုလည်း ဂရုစိုက်ပုံပေါ်တယ် မင်းက လုံးဝကိုစစ်ကြေညာနေတာပဲ"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)