Chapter 182

749 102 0
                                    

Chapter 182

ကုမျန် သူမပါးစပ်ကိုဟပြီး ကျန်းယွီယောင်ကို တစ်ခုခုပြန်ပြောချင်ရုံရှိသေး၊ တစ်စုံတစ်ယောက်က သူမပုခုံးကိုကိုင်လာပြီး သူမကောင်းကောင်းရင်းနှီးသည့် ကြည်လင်သာယာသည့်အသံနှင့် အရင်ဆုံးပြန်ဖြေပေးလာ၏။

"ခွင့်လွှတ်ပါ မိန်းကလေးကျန်း ကျွန်တော့်ကောင်မလေးက အရမ်းကျိုးနွံလွန်းတယ် သူမရဲ့နောက်ခံက နည်းနည်းသန်မာတာမဟုတ်ဘဲ အရမ်းသန်မာတာပါ"

ချန်းချယ်သည် ထိုစကားလုံးနှစ်လုံးကို အနည်းငယ်ဟန့်တားချင်သည့်သဘောဖြင့် ပြင်းထန်သည့်လေယူလေသိမ်းကိုပါ ပေါင်းထည့်ထားသေးသည်။

ကျန်းယွီယောင်၏မျက်နှာ ပြောင်းလဲသွားသည်။

ချန်းကျစ်၏အနာဂတ်ကို ဖျက်ဆီးလိုက်သည့် ချန်းချယ်ကို သူမ နာကျည်းလှသည်။ သို့သော် ချန်းမိသားစု၏ အနာဂတ်အမွေဆက်ခံသူရှေ့တွင် သူမ၏မိသားစုသမိုင်းကြောင်းကို ကြွားလုံးထုတ်ရန်တော့ သတ္တိမရှိပေ။

ချန်းချယ် ကျန်းယွီယောင်ကိုကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် "အဆင်ပြေတယ်ဆိုရင် ကျွန်တော့်ကောင်မလေးကို ညစာစားဖို့ ခေါ်သွားလိုက်တော့မယ်"

သူသည် ကျန်းယွီယောင်ကို တချက်လေးပင် လှည့်မကြည့်တော့ဘဲ ကုမျန်ကိုဖက်ပြီး မီးဖိုခန်းသို့လျှောက်သွားလိုက်တော့၏။

ကုမျန် ဆိုဖာကိုကြည့်လိုက်ပြီး ပွဲပြီးသည့်နောက်ပိုင်းရှိ နှုတ်ဆက်စကား၀ိုင်းလည်း ပြီးဆုံးသွားသည်ကို သဘောပေါက်လိုက်သည်။

လောလောဆယ်တွင် ဆိုဖာပေါ်၌ တစ်ယောက်မှ မရှိတော့ချေ။

အိမ်အကူများက ခန်းမကိုဂရုစိုက်နေပြီး စားဖိုမှူးများကလည်း ယခုလေးတင် ၀န်ဆောင်မှုဧရိယာကို ရှင်းနေကြသောကြောင့် မီးဖိုချောင်ထဲတွင် ဘယ်သူမှ မရှိနေပါချေ။

ကုမျန် မျက်လွှာပင့်ကြည့်လိုက်တော့ ချန်းချယ်၏နှုတ်ခမ်းပါးများက တင်းတင်းကျပ်ကျပ်ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ သူ အနည်းငယ် စိတ်မချမ်းမသာဖြစ်နေပုံရသည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now