Chapter 2 : ဗီလိန်နှင့် တွေ့ဆုံခြင်း (၂)

9.3K 1K 23
                                    

Chapter 2:ဗီလိန်နှင့် တွေ့ဆုံခြင်း (၂)

{ မင်းက မလုပ်ချင်ဘူးလား }

"..."

{ ဒီတာဝန်က မင်းအတွက် ရိုးရှင်းပြီးလွယ်ကူပါတယ်.... }

"..."
ဟော်ရှောင်းရှောင်းသည် စကားပြောလိုသော်လည်း တွန့်ဆုတ်နေခဲ့သည်။

သူမသည် ဤအရာကို မယုံကြည်ချင်ခဲ့ပေ။ သို့သော်လည်း အိပ်မက်တစ်ခု မဟုတ်သည်ကို သူမ ဝန်ခံရပေမည်။

ဤစကားများသည် သံသယဖြစ်စရာကောင်းသော်လည်း သူမ၏လက်ရှိအခြေအနေတွင် မဖြစ်နိုင်သည်မှာ ဘာမှမရှိပေ။

ဒါက ဒီတိုင်း...

မွေးပြီး သုံးလပဲရှိသေးတာကို သူမက ဒီဗီလိန်ကို သုံးနှစ်အတွင်း ကယ်တင်ရမှာလား....

သုံးနှစ်အရွယ် ကယ်တင်ရှင်တစ်ယောက်လား...

Oh, my God!

အဓိပ္ပါယ်မရှိလိုက်တာ.

ဒီsystemက သူမကို တကယ်ကြီး အထင်ကြီးနေတာပဲ...

သုံးနှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ အကူအညီမပါဘဲ လမ်းလျှောက်နိုင်ရင်ပင် သူမ ကျေးဇူးတင်မိပေလိမ့်မည်။

ဒါပေမယ့် ဗီလိန်တစ်ယောက်ကို ကယ်တင်ဖို့လား ... သေးခံဝတ်ပြီး နို့ဘူးကို ကိုင်ထားတဲ့ သုံးနှစ်အရွယ်ကလေးတစ်ယောက်က လူတစ်ယောက်ကို ကယ်တင်နေတာကို တွေးကြည့်လိုက်ပါဦး...

ဟော်ရှောင်းရှောင်းက ဒီလွယ်ကူသည့်တာဝန်ကို တကယ့်ပင် မလုပ်ချင်ပေ။

မနေ့ကပဲ သူမရဲ့စံပြတက္ကသိုလ်ကနေ ကျောင်းဝင်ခွင့်စာကို ရရှိခဲ့ပြီး သူမအိပ်မက် ပြည့်ဝရန်တစ်လှမ်းသာ လိုတော့သည်။ သို့သော်လည်းမျက်တောင်တစ်ခတ်အချိန်တွင်းမှာပဲ ရာထူးမြင့်အကြီးအကဲတစ်ယောက်မှ အတွေ့အကြုံမရှိသည့် အသစ်ကလေးအဖြစ် ပြောင်းလဲသွားတာလား...

သေးခံဝတ်ထားပြီး နို့ဘူးနဲ့ လမ်းလျှောက်ခါစ ကလေးပေါက်စပုံအား တွေးမိသည့်အခါ ဟော်ရှောင်းရှောင်းလည်း စိတ်ပျက်မှုဖြင့် မျက်လုံးများအား ပိတ်လိုက်တော့သည်

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now