Chapter 70: ဥာဏ်ကြီးရှင်လေး

6.3K 1K 44
                                    

Chapter 70: ဥာဏ်ကြီးရှင်လေး

သူမရှေ့သို့ အသက် ၃ နှစ်မှ ၅ နှစ်အကြား ကလေး လေး၊ ငါးယောက် ရောက်လာသောအခါ ဟော်ရှောင်းရှောင်း၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှုဖြင့် ကျယ်လာတော့သည်။ သူမအလုပ်များလွန်းနေပြီး ရှုရှင်းယီက ဤကလေးများအား ပြောနေသည်ကို အာရုံစိုက်ရန်ပင် သူမစိတ်ညစ်နေခဲ့သည်။ သူမ အခုချိန်တွင်  အရမ်းကိုနောင်တရနေခဲ့သည်။

သူမ ဒီဟော်ဆွေ့ချန်းနောက် လိုက်ဖို့ ဘာလို့ရက်ပေါင်းများစွာ နားပူနားဆာလုပ်ပြီး စွန့်စားခဲ့ရတာလဲ???

အိမ်မှာ သူမဘာသာ ကစားတာ မကောင်းလို့လား???

ကလေးတွေအများကြီးကြောင့် သူမရဲ့ဦးနှောက်လေး ဆူညံသံကြောင့် ပေါက်ကွဲသွားတော့မည်ဖြစ်သည်။

“ ဒါနဲ့သားက ရှောင်းရှောင်းကို ဂရုစိုက်ပေးဖို့ အန်တီ့ကို ကူညီပေးရမယ် ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ ”

“ ဘယ်လောက်တောင်လိမ္မာလိုက်သလဲ ”

Rubik's Cubeထဲ စျာန်ဝင်နေသည့် ဆိုဖာထောင့်တွင် ထိုင်နေသော ကောင်လေးကို ရှုရှင်းယီ ကြည့်လိုက်သည်။ သူမ မျက်ခုံးများကို တွန့်လိုက်သည် “ ယီချန်း ဒီကိုလာ ”

ထောင့်ကကောင်လေးက “ အိုး ” ဟု ရေရွတ်လိုက်သော်လည်း ထိုင်နေသည့် နေရာတွင် လှုပ်ရှားမှု မရှိဘဲ သူ့မျက်လုံးများဖြင့်သာ ကြည့်လိုက်သည်။

“ မင်း ဘာလုပ်နေတာလဲ... ဒီကိုလာပြီး ညီမလေးနဲ့ လာတွေ့ဦးလေ... သူ့နာမည်က ဟော်ရှောင်းရှောင်းတဲ့နော် ... အစ်ကိုတစ်ယောက်အနေနဲ့ ကလေးကို ကောင်းကောင်း ဂရုစိုက်ပေးရမယ် သိပြီလား ”

ယီချန်းသည် သူ့မျက်ခွံများကို အောက်စိုက်ချလိုက်ပြီး မည်သည့်အားထုတ်မှုကိုမှ မြှင့်တင်ရန် မစွမ်းချင်ပုံရသည်။ ထို့နောက် သူပျင်းရိစွာ တုံ့ပြန်လိုက်သည်။ “ သိပြီ ”

ရှုရှင်းယီ သူ၏ပင်ပန်းပြီး ပျင်းရိငြီးငွေ့နေသော သဘောထားကို မြင်လိုက်ရသည်။ သူမ၏ ဒီနတ်ဆိုးလေးက ဘာကြောင့်များ ဒီလောက်ထိ ရေပန်းစားနေရသည်ကို သူမ တကယ် သိချင်ခဲ့သည်။ [T/N: ကလေးများအကြား သူနှင့်သူငယ်ချင်းဖြစ်ချင်သူ များပြားသည်။ ]

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now