Chapter 140: သူမနှင့် တွေ့ဆုံခြင်း (၁)
ရက်သတ္တပတ်ရဲ့အစမှာ အမြဲတမ်း လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး!
နှစ်ရက်လောက် အိမ်မှာ ကစားနေခဲ့သည့် ဟော်ရှောင်းရှောင်းနှင့် ယီချန်းသည် ဆန္ဒမပါဘဲ နိုးလာကြပြီး မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ဖြည်းဖြည်းချင်း နံနက်စာစားကြသည်။ သူတို့၏ကျောပိုးအိတ်တွေကို လွယ်ကာ သူငယ်တန်းကျောင်း သွားဖို့ ပြင်ဆင်နေကြသည်။
ဟော်ဆွေ့ချန်းကတော့ ထုံးစံအတိုင်း တက်ကြွနေလေသည်။ ကောင်းမွန်စွာ ချုပ်ထားသော နက်ပြာရောင်ဝတ်စုံကို ၀တ်ထားတာကြောင့် သူ့ကို အရင်ကထက် ပိုတည်ငြိမ်ပြီး ချောမောစေသည်။
" ဖေဖေ၊ ဒီနေ့အရမ်းချောတာပဲ "
ဟော်ဆွေ့ချန်းက သူမပါးလေးကို ဆွဲညှစ်လိုက်သည်
" ရှောင်းရှောင်း၊ မူကြိုကျောင်းမှာ ဆရာမစကား နားထောင်ရမယ်။ မဆိုးနဲ့နော်၊ ပြီးတော့ တစ်ခြားကလေးတွေကိုလည်း အနိုင်မကျင့်နဲ့ဦး၊ နားလည်လား " ဟော်သခင်ကြီးက သူမ၏ကျောပိုးအိတ်ထဲမှ ပစ္စည်းများအား စစ်နေရင်း သူမအား ပြောနေခဲ့သည်။
" သမီး နားလည်ပါတယ် ဘိုးဘိုး "
ဟော်သခင်ကြီးက ပြောသည်။ " ကောင်းပြီ၊ သွားကြစို့! ဒီနေ့ သူငယ်တန်းကျောင်းကို ဘိုးဘိုး လိုက်ပို့ပေးမယ် "
ဟော်ဆွေ့ချန်းသည် ထမင်းစားခန်းမှ ထွက်လာပြီးနောက် ဟော်သခင်ကြီးဘက်သို့ လှည့်လိုက်ကာ အေးအေးဆေးဆေး ပြောလာသည်။ " အဖေ၊ အိမ်မှာပဲ အနားယူလိုက်ပါ. . .ဒီနေ့ သူတို့ကို ကျွန်တော်ပဲ လိုက်ပို့လိုက်မယ် "
" ဒါပေမယ့် လမ်းက မင်းရဲ့ရုံးနဲ့ ဆန့်ကျင်ဘက်လေ "
" ကိစ္စမရှိပါဘူး၊ ဒါက နာရီဝက်ခရီးပဲဟာ "
ဟော်ဆွေ့ချန်းက အခိုင်အမာဆိုသော်လည်း ဟော်သခင်ကြီးက သူ့ကို သံသယနှင့် ကြည့်ကာ ထပ်မေးလာပြန်သည်။ " မင်း သူတို့ကို လိုက်ပို့မလို့လား "
" ကျွန်တော် သူတို့ကို လိုက်ပို့ပေးလိုက်မယ် "
ဟော်သခင်ကြီးက ရယ်နေသည်။ နောက်ဆုံးတော့ ဖခင်ကောင်းတစ်ယောက်လို စတင်ပြုမူလာပြီပေါ့??
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.