Chapter 53: သူမ ကစားချင်တယ်(၁)

6.3K 903 7
                                    

Chapter 53: သူမ ကစားချင်တယ်(၁)

သဘာဝကျစွာပင် ဟော်ရှောင်းရှောင်းသည် သင်ယူလေ့လာမှုများကို အတင်းအကျပ်လုပ်နေခဲ့ရသည်။

သူမအဖေသည် လူကောင်းတစ်ယောက်မဟုတ်မှန်း သူမသိလေသည်။ ဒါပေမယ့် အလံဖြူကိုတောင် မြှောက်ပြပြီးတဲ့နောက်မှာတော့ ထိုသူဟာ သူမကိုမစာနာနိုင်ဘူးလို့တော့ သူမမမျှော်လင့်ခဲ့ပေ။

" ရှောင်းရှောင်း. . . ဆရာမကို ပြောပြပါဦး၊ ဒီပန်းချီကားနှစ်ချပ်ထဲက ဘယ်ဟာကိုကြိုက်တာလဲ။ သမီးကြိုက်တဲ့ဟာကို ညွှန်ပြဖို့ သမီးလက်ချောင်းတွေကို အသုံးပြုရမယ်နော်. . . "

" ရှောင်းရှောင်း. . . ဒီအရောင်ခြယ်ဆေးရည်တွေက ဆရာမတို့ ဆေးသုတ်တဲ့အချိန် စက္ကူပေါ်မှာ ပန်းချီဆွဲဖို့ သုံးရမယ်နော်။ သမီးတွေ့ရဲ့လား. . . ဒီလိုမျိုး "

" ရှောင်းရှောင်းရေ. . . ဆရာမနဲ့တူတူ ခလုတ်ကိုနှိပ်. . . ဟုတ်ပြီ ဒီလိုမျိုးပဲ. . . ပြင်းပြင်းလေး ဖိချ ... "

ဟော်ရှောင်းရှောင်း တွေးနေမိလေသည်။ ' ဖေဖေက ငါ့ရဲ့အလံဖြူကို ရှင်းရှင်းလင်းလင်းလက်ခံပေးခဲ့တာပဲမလား။ သူလည်း ငါလက်နက်ချတာကို လက်ခံပေးတယ်မဟုတ်ဘူးလား။ အခုတော့ ဘာဖြစ်လို့ ငါ့ကိုဒီငရဲလို နှိပ်စက်ညှင်းပန်းမှုကြီး ခံခိုင်းနေရတာလဲ'  ' ဘာလို့လဲ??!!! '

' ဒီလို အရမ်းလှပတဲ့ ဖေဖေနဲ့သမီး ပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေးယူဖို့ ပြောဆိုခွင့်တောင် မရနိုင်တော့ဘူးလား။ သူဘာလို့ ​ငါ့ကိုနာကျင်စေချင်နေရတာလဲ??!! '

တစ်နေ့လုံး ဆရာ/ဆရာမများ ရောက်လာကြပြီး ပြန်သွားကြလေသည်။ ပထမဦးဆုံး လာသည်မှာ အနုပညာဆရာ၊ ပြီးနောက် စန္ဒယားဆရာဖြစ်ပြီး နောက်ဆုံး. . . နောက်ဆုံးမှာတော့ တိုက်ကွမ်ဒိုဆရာတောင် ပါနေသေးသည်။

သူမသည် တစ်နည်းနည်းဖြင့် ပထမသင်ခန်းစာနှစ်ခုကို ခံနိုင်ရည်ရှိသော်လည်း  ဤကဲ့လို့ ကလေးငယ်လေး၏ ခန္ဓာကိုယ်လေးသည် စိတ်ပိုင်းဆိုင်ရာဒုက္ခနှင့်အတူ ကိုယ်ကာယပိုင်းဆိုင်ရာ နာကျင်မှုကို မည်သို့ခံရပ်နိုင်မည်နည်း။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now