Chapter 115: ချွဲအီတတ်ရမယ် (၄)

5.3K 913 53
                                    

[ Weekend Bonus!!! Guys ]

Chapter 115: ချွဲအီတတ်ရမယ် (၄)

ဟော်ရှောင်းရှောင်း မျက်ရည်ကျလာတော့သည်။

သူမက ဒါတွေအားလုံးကို ဘယ်သူအတွက် လုပ်ပေးနေတာလဲ??

သူ့တစ်ယောက်တည်းအတွက်သာ​မဟုတ်ဘဲ ဒီမိသားစုတစ်ခုလုံးအတွက်လေ!!

သူမအနေနှင့် အခုလို ကောင်းမှုတစ်ခုပြုလုပ်တာကို ရှင်းပြဖို့က ခက်ခဲလွန်းနေတယ်၊ ပြီးတော့ သူမရဲ့နာမည်ကောင်းလေးကိုတောင် မဖော်ပြနိုင်ခဲ့ဘူး!

ဟော်သခင်ကြီးသည်တော့ ဟော်ရှောင်းရှောင်းကိုကာကွယ်က သက်ပြင်းချလိုက်၏။ " မင်းဘာလို့ ဖင်ထိုင်ပြီး စကားကောင်းကောင်း မပြောနိုင်ရတာလဲ?? ဒါက စာရွက်စာတမ်းလေးပဲ မဟုတ်ဘူးလား?? မနက်ဖြန်လက်ထောက်ကို တစ်ခြားမိတ္တူတွေ print ထပ်ထုတ်ခိုင်းလိုက်လေ. . . မင်းဒီလောက် ဒေါသထွက်ဖို့လိုသလား??"

ဟော်ရှောင်းရှောင်းက အနောက်ဘက်မှ ခေါင်းလေးပြူလာကာ ဝင်ပြော၏။ " ဟုတ်တယ် ဖေဖေဒေါသမထွက်သင့်ဘူး "

" အဖေ ဒေါသမထွက်ဘူး! မင်းရဲ့ ရှင်းပြချက်ကိုပဲ ကြားချင်တယ်၊ ဒါက မတော်တဆ ဖြစ်သွားတာလို့ မင်းပြောခဲ့တယ်! မင်းမတော်တဆညစ်ပတ်အောင် ဘယ်လိုများ လုပ်လိုက်တာလဲ "

" ..."

" ငလိမ်မလေး!" ဟော်ဆွေ့ချန်းသည် ဟော်ရှောင်းရှောင်းကိုဖမ်းရန် လက်လှမ်းလိုက်၏။

" ဟော်ဆွေ့ချန်း!"

"အဖေ၊ ဒီကိစ္စကို ဝင်မပါနဲ့ "

ဟော်ရှောင်းရှောင်း ဟော်သခင်ကြီး၏နောက်တွင် ပုန်းနေသော်လည်း အသုံးမဝင်ပေ။ သူမအဖေက သူမကို ထိမိတော့မည့်အချိန်တွင် သူမအထိတ်တလန့်ဖြင့် သူမဘေးမှယီချန်းကို ပွေ့ဖက်လိုက်ပြီး " ဖေဖေ၊ သမီးတကယ်ကို မရည်ရွယ်ခဲ့ပါဘူး" ဟု အော်လိုက်တော့သည်။

ယီချန်းလည်း အံ့သြသွားသည်။ သူသည် ဟော်ရှောင်းရှောင်း၏ ပွေ့ဖက်ခြင်းကို သတိထားမိသွားပြီးနောက် သူမကျောကို လက်လေးနှစ်ဖက်ဖြင့် တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး ဟော်ဆွေ့ချန်းကို မော့ကြည့်လိုက်သည်။ "ဦးဦးဟော်. . . ရှောင်းရှောင်း . . . ရှောင်းရှောင်းက မရည်ရွယ်ပါဘူး "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now