Chapter 37: ဖေဖေ၊ ဘာလို့မပျော်တာလဲ (၂)

6.6K 955 7
                                    

Chapter 37: ဖေဖေ၊ ဘာလို့မပျော်တာလဲ (၂)

လုမင်တောင်...

ဟော်ဆွေ့ချန်းက သူ့မျက်လုံးများကို ပိတ်လိုက်သည်။ ထိုပြဿနာကို ဖြေရှင်းနိုင်ပုံရသော်လည်း ဘယ်တုန်းကမှ မလုပ်ခဲ့ပေ။

လှည့်စားခြင်းသည် ခဏတာသာ ခံနိုင်သည်။ မုသားများ အဆုံးသတ်သွားသည့်နေ့တစ်နေ့ အမြဲရှိလိမ့်မည်ဖြစ်သည်။

ထိုအချိန်တွင် သူနှင့် သူ့အဖေသည် တိုက်ခိုက်ရန် သေချာနေသည်။

Click!

တိတ်ဆိတ်သည့် အခန်းထဲတွင် အသံယဲ့ယဲ့တစ်ခုက မြည်လာခဲ့သည်။

Click!! click! click!!

ဂျောက်ခနဲမြည်သံနှင့်အတူ တံခါးပွင့်သွားလေ၏။

ဟော်ရှောင်းရှောင်းသည် လူများ၏ဂရုမစိုက်မှုကို အသုံးချကာ ခွေးခြေထိုင်ခုံလေးပေါ်တွင် ခြေဖျားထောက်ရင်း ဟော်ဆွေ့ချန်း၏အခန်းတံခါးကို ဖွင့်လိုက်သည်။

ဟော်ဆွေ့ချန်းသည် အပြင်ဘက်မှ အထဲသို့ ပြူကြည့်နေသည့် ခေါင်းလေးကို ကြည့်နေသကဲ့သို့ တံခါးကို ကြည့်နေခဲ့သည်။ ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက် သူမသည် ခွေးခြေထိုင်ခုံပေါ်မှ ဆင်းကာ အိပ်ခန်းထဲသို့ ခွေးခြေထိုင်ခုံကို ရွှေ့လိုက်ပြီး သူ့အိပ်ရာဘေးတွင် ထားလိုက်သည်။ သူ့အိပ်ရာပေါ်တက်ရန် ဖြစ်နိုင်လေသည်။

သို့သော်လည်း ခွေးခြေထိုင်ခုံပေါ်သို့ တက်ပြီးနောက်မှပင် ဟော်ရှောင်းရှောင်း၏အရပ်သည် သေးငယ်နေသောကြောင့် သူမ၏ခြေထောက်များသည် လေထဲတွင် တွဲလောင်းကျနေလေသည်။ ဘေးမှ ခဏလောက် စောင့်ကြည့်ပြီးနောက် ဟော်ဆွေ့ချန်းသည် ခေါင်းခါပြီး ပြုံးလိုက်သည်။ နောက်ဆုံးမှာတော့ သူလည်း မတတ်နိုင်ဘဲ အရှေ့ကို လှမ်းကာ ဟော်ရှောင်းရှောင်းကို ပွေ့ချီလိုက်တော့သည်။

ရုတ်တရက် လေထဲသို့ မြှောက်ခံလိုက်ရသည့် ဟော်ရှောင်းရှောင်းသည် တုန်လှုပ်မှုနှင့် ဟော်ဆွေ့ချန်း၏လက်မောင်းထဲတွင် ရုန်းကန်နေခဲ့သည်။

“ မလှုပ်နဲ့ ”

ဟော်ဆွေ့ချန်းက သူမ၏လှုပ်ရှားမှုများကို ဝါကျတစ်ကြောင်းတည်းဖြင့် ရပ်တန့်လိုက်ပြီး မီးဖွင့်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now