Chapter 10: ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၁)

7.8K 1K 24
                                    

Chapter 10: ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၁)

"..."

"... ငါအခုအချိန်ထိ အိပ်ပျော်သေးတာမဟုတ်ဘူး... "

ဟော်ရှောင်းရှောင်းရဲ့စိတ်လည်း ရှုပ်ထွေးနေတော့သည်။ ဖေဖေရေ... အရမ်းဖြစ်ကတတ်ဆန်းနိုင်နေတယ်နော်.... အိပ်လည်းမအိပ်ဘူး... ကိုယ့်ရဲ့ကလေးကိုလည်း မစောင့်ရှောက်ဘူးမလား....

သမီးက သုံးလအရွယ်ပဲ ရှိသေးတဲ့ကလေးတစ်ယောက်လေ... မတော်တဆ ဖြစ်မှာ မကြောက်ဘူးလား...

ငါ့မိဘတွေက တကယ်ပဲ တာဝန်ယူစိတ်မရှိဘူး....

အင့်—

ဟော်ရှောင်းရှောင်းလည်း သူမရဲ့မျက်လုံးကို သေးသေးလေးဖွင့်လိုက်ပြီး တိတ်တိတ်လေးကြည့်နေလေသည်။ ထိုအချိန်တွင် အမှောင်ထဲ၌ ပုန်းကွယ်နေသည့် ဟော်ဆွေ့ချန်း၏မျက်လုံးနှင့် တွေ့ဆုံသွားတော့သည်။

သေစမ်း!

သူမ ဟန်ဆောင်နေတာကို မိသွားပြီ....

တစ်ဖက်ရန်သူက အိပ်ချင်ယောင်ဆောင်ပြီး ဥာဏ်နီဥာဏ်နက်နဲ့ သူမကို အရူးလုပ်တယ်ပေါ့လေ....

ဖော်ထုတ်ခံရပြီးတဲ့ နောက်မှာတော့ ထပ်ပြီးဟန်ဆောင်စရာ အကြောင်းလည်းရှိမနေတော့ဘူး...

သူမခေါင်းကို မော့လိုက်ပြီး အရင်ငိုလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူမက ကလေးပဲလေ... သူမ ရိုက်တာက မနာလောက်ပါဘူး.... ပြီးတော့ သူမ ဗိုက်ဆာနေလို့ ငိုနေရင်း မှားပြီး သူ့ကို ရိုက်မိတာပါ.... တကယ်ကြီး လက်တုံ့ပြန်ချင်လို့လား?????

ကြံရာမရဖြစ်ပြီး ဟော်ရှောင်းရှောင်းလည်း ကျယ်လောင်စွာ အော်ငိုလိုက်တော့သည်။

အဲ့နောက်တွင်တော့ ချိုလိမ်တစ်ခု ထိုးသွင်းခံလိုက်ရ၏။

ထို့နောက် သူမ ငိုနေတာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

ဟော်ရှောင်းရှောင်းလည်း မျက်ရည်စက်လက်နှင့် ဟော်ဆွေ့ချန်းကို ကြည့်ရင်း ချိုလိမ်ကို ဖြည်းဖြည်းချင်းစုပ်နေရင်း လေတက်လိုက်တော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now