Chapter 67: ဟော်ရှောင်းရှောင်းကို ကျောင်းထားရန်နှင့်ပတ်သတ်၍ အငြင်းပွားကြခြင်း

6.6K 957 50
                                    


Chapter 67: ဟော်ရှောင်းရှောင်းကို ကျောင်းထားရန်နှင့်ပတ်သတ်၍ အငြင်းပွားကြခြင်း

လုမင်တောင်သည် ကောင်းမွန်သောပတ်ဝန်းကျင်ရှိသော်လည်း ပင်လယ်နှင့်နီးကပ်ပြီး တိုက်ခတ်သောလေမှာလည်း စိုစွတ်လေ၏။ ကျန်းမာရေးမကောင်းသော ဟော်သခင်ကြီးသည် ကြာကြာမနေနိုင်ပေ။

ဟော်ရှောင်းရှောင်းသည်လည်း အလွန်ငယ်နေသေးဆဲဖြစ်သည်။ ထို့အပြင် သူမ၏ ကိုယ်ခံအားစနစ်သည်လည်း မဖွံဖြိုးသေးပေ။ ထိုကြောင့်ပင် သူသည် ပင်လယ်လေပြင်း တိုက်ခတ်မှုကြောင့် ကလေးအအေးမိသွားမည်ကို စိုးရိမ်သောကြောင့် အပြင်တွင်ကြာမြင့်စွာမနေသင့်ဟု ခံစားနေရသည်။

ဟော်ရှောင်းရှောင်းသည်တော့ သူမရင်ဘတ်လေးကိုပုတ်ပြ၍ သူမ ကျန်းမာနေပြီး ဖျားနာခြင်းလည်းမရှိဟု ပြောကြားသော်လည်း သူသည်အခြားအကြောင်းပြချက်တစ်ခု ပေးလိုက်ကာ ကလေးကိုဗီလာသို့ ပြန်ခေါ်သွားတော့သည်။

များမကြာမီတွင် ဟော်သခင်ကြီး၏ တရားဝင်အနားယူမှုကို ကြေငြာခဲ့ပြီး ကုမ္ပဏီကို ဟော်ဆွေ့ချန်း၏ပခုံးထက်သို့ အပ်နှင်းခဲ့သည်။

တစ်ပြိုင်နက်တည်း ဟော်နှင့်ယီ အုပ်စုတို့၏ လုမင်တောင်ပူးတွဲစီမံကိန်းကို တရားဝင်စတင်ခဲ့သည်။

ဤစီမံကိန်းအတွက် ဟော်ဆွေ့ချန်းသည် ရက်အနည်းငယ်လောက် အိမ်မပြန်ရဘဲ အလုပ်များလွန်းနေခဲ့သည်။ ဟော်ရှောင်းရှောင်းသည် သူမလွတ်လွတ်လပ်လပ် အသက်ရှူရန် အခွင့်အရေးရှိပြီဟု ခံစားရသည့်အချိန်တွင် ဟော်အိမ်တော်တွင် သင်တန်းတစ်ခုရှိလာတော့သည်။ ဟော်ရှောင်းရှောင်း၏ အနုပညာစွမ်းရည်ကို မွေးမြူပေးရန် အနုပညာဆရာဆရာမများကို ဖိတ်ကြားခဲ့သည်။

သိုသော် အနုပညာဆရာမသည် အလွန်အောင်မြင်ပြီးသား ဖြစ်သော်လည်း သူမသည် မလွဲမသွေ သာမန်လူဖြစ်သည်။

သူမသည်လည်း ဟော်မိသားစု၀န်ထမ်းများနှင့် အတူတူပင်ဖြစ်ပြီး ဟော်ရှောင်းရှောင်းလက်ရာ သုံးယောက်တွဲ မိသားစုပန်းချီကားကို ဟော်ဆွေ့ချန်းအခန်းတွင် ချိတ်ဆွဲထားကို တွေ့လိုက်ရသောအခါ သူမသည် ချီးမွမ်းခြင်းများနှင့် ပြည့်နှက်လျက်ရှိခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now