Chapter 35: အရှက်မရှိတဲ့ ဖခင် (၃)

6.8K 1K 44
                                    

Chapter 35: အရှက်မရှိတဲ့ ဖခင် (၃)

“ နောက်တစ်ခေါက် ထပ်ပြီးကစားဖို့ လိုက်ချင်သေးလား”

ဟော်ရှောင်းရှောင်း ခေါင်းညိတ်လိုက်သည်။

“ ဒါဆို ခဏနေဘာမှမပြောနဲ့...မဟုတ်ရင် ဖေဖေက နောက်တစ်ခါ အပြင်မှာ ကစားဖို့ ခေါ်သွားမှာ မဟုတ်ဘူးနော်. . . ဟုတ်ပြီလား ”

“…” ဒါက ထောင်ချောက်တစ်ခုဖြစ်ပုံတော့ မရဘူး

သို့သော်လည်း ဟော်သခင်ကြီးသည် လမ်းအကွေ့လောက်တွင် ရှိနေသောကြောင့် ဟော်ရှောင်းရှောင်းတွင် စဉ်းစားရန် အချိန်မရှိတော့ပေ။

ဟော်ဆွေ့ချန်းက သူမကို ဧည့်ခန်းထဲသို့ ခေါ်သွားပြီး ပြောလိုက်သည် “ ဒီလောက်နောက်ကျနေတဲ့အချိန်မှာ အဖေဘာလို့ အနားယူဖို့ အခန်းကိုမပြန်သေးတာလဲ ”

ဟော်ရှောင်းရှောင်းက သူမအဘိုးဆီကို အမြန်ပြေးသွားပြီး သူမလက်တွေကို ဖွင့်ကာ ပြုံးပြီး အော်လိုက်သည် “ ဘိုးဘိုး ”

သူက “ ဘိုးဘိုး ” ဟု ကြားသည့်အချိန်မှာပဲ လူအိုကြီး၏မျက်နှာပေါ်ရှိ ဒေါသများသည် ပျောက်ပျက်လုနီးပါးဖြစ်သွားခဲ့သည်။ သူ၏မူလပုံစံသို့ ပြန်လည်ရောက်ရှိရန် ချောင်းတစ်ချက်ဟန့်ပြီးနောက် သူက တည်ကြည်လေးနက်စွာ မေးလိုက်သည် “ မင်းတို့နှစ်ယောက် အချိန်ကော သိသေးရဲ့လား ”

အခု ၂၃:၀၅ ဖြစ်နေလေပြီ။
တစ်နှစ်သားလေးက အရမ်းနောက်ကျမှ ပြန်လာသည့်အတွက် ဟော်သခင်ကြီး ဒေါသထွက်နေသည်ကို သူတို့ အပြစ်မတင်နိုင်ကြပေ။

“ ဟော်ဆွေ့ချန်း၊ မင်းကကော ဘာလဲ...ကလေးကို အပြင်ခေါ်သွားပြီး အရမ်းနောက်ကျမှ ပြန်လာတယ်...ကလေးက ငယ်သေးတယ် ပြီးတော့ မင်းကလည်း ဂရုမစိုက်ဘူး...သူစိမ်းတွေကိုမတော်တဆ တွေ့တာက ဘယ်လောက်အန္တရာယ်များလဲ မင်း မသိဘူးလား ”

လူအိုကြီးက အမှန်တကယ်စိုးရိမ်နေသောကြောင့်
ဟော်ဆွေ့ချန်းက သူ့ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။

“ မင်း ကလေးကို အပြင် အကြာကြီး ခေါ်သွားမယ်ဆိုရင် တခြားသူတွေကို အကြောင်းကြားဖို့ ဘယ်လိုဖုန်းခေါ်ရမလဲ မင်း မသိဘူးလား ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now