Chapter 118: ခွင့်လွှတ်မှု (၃)

4.8K 812 46
                                    

Chapter 118: ခွင့်လွှတ်မှု (၃)

ဟော်ဆွေ့ချန်း သူမလက်ထဲက နိုဘူး နှစ်ဘူးကို ကြည့်လိုက်သည်။

" ဒါက ရှောင်းရှောင်းနဲ့ ယီချန်းအတွက်လေ. . . ကလေးတွေက အစာခြေတာမြန်တော့ သူတို ဗိုက်ထပ်ဆာနေတာ "

" ကျွန်တော့်ကို ပေးပါ၊ ကျွန်တော် သယ်သွားလိုက်မယ် "

အန်တီကျိုးက သူ့ဆီ နိုဘူး ကမ်းပေးလိုက်သည်။

ထိုနောက် ဟော်ဆွေ့ချန်းက နိုဘူးများယူကာ ဟော်ရှောင်းရှောင်း၏အခန်းထဲသို ၀င်လာခဲ့သည်။ ကုတင်ထောင့်နားမှ အဖုအဖောင်းကြီးတစ်ခုကို သူ ချက်ချင်း သတိပြုမိသွားသည်။

အရမ်းနောက်ကျနေပြီဖြစ်သော်လည်း ကလေးနှစ်ယောက်က မအိပ်သေးဘဲ စောင်အောက်မှာ ပုန်းနေကြသည်။ ဟော်ဆွေ့ချန်း ၀င်လာသည့်တိုင် မည်သည့်လှုပ်ရှားမှုကိုမျှ မကြားရပေ။

ဟော်ဆွေ့ချန်းက ကုတင်နားတွင် ခဏလောက် တိတ်တဆိတ် ရပ်ရင်း ဖောင်းနေသည့် စောင်ကို ကြည့်နေမိသည်။ အဲ့နောက်မှာတော့ စောင်ကို ဖွင့်ဖို သူ့လက်ကို ဆန့်ထုတ်လိုက်၏။

စောင်ကို ဖယ်ရှားလိုက်ချိန်တွင် ကလေးနှစ်ယောက်က ဟော်ဆွေ့ချန်းကို ပြန်ကြည့်ရင်း တခဏ အံ့သြသွားကြသည်။

ဟော်ရှောင်းရှောင်း အံ့အားသင့်သွားသည်။ ညစာစားနေစဉ် ကြက်မွှေးသတိပေးချက်တွေက တစ်သုတ်ပြီး တစ်သုတ်ရောက်လာပြီးနောက် သူမ တကယ် ထိတ်လန့်နေခဲ့သည်။

သူမဖေဖေက သူ မကျေနပ်တာကို မထိန်းချုပ်ဘဲ သူမကို အခုလာရိုက်တာမလား??

" ဖေဖေ "

" ဦးဦးဟော် "

ဟော်ဆွေ့ချန်းက နိုကို မသိကျိုးကျွန်ပြုလိုက်သည်။

ဟော်ရှောင်းရှောင်းတစ်ယောက် ဟော်ဆွေ့ချန်း၏လက်ထဲမှ နိုဘူးများကို တစ်ချက်ကြည့်လိုက်၏။ သူမက အင်တင်တင်ဖြင့် တွားသွားလိုက်ပြီး နိုဘူးကို ယူကာ နောက်သို ပြန်တွားသွားလိုက်သည်။ ထိုနောက် ယီချန်းကို ပေးလိုက်ပြီး ကလေးနှစ်ယောက်က ကုတင်ပေါ်တွင် ထိုင်ကာ နိုသောက်နေကြတော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now