Chapter 93: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၁)

5.9K 1K 51
                                    

[ T/N : အားရင် ဖတ်လိုက်ပါ 😌
Weekend Bonus! Enjoy guys . . . ]

Chapter 93: ဖေဖေတော့ ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားရမယ် (၁)

ကလေးဆိုသည်မှာ သူတို့ဘာလုပ်နေသည်ကိုတောင် သိပ်မသိတတ်ကြသောကြောင့် ရန်ဖြစ်ကြခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

သို့သော်လည်း ဝယ်လ်လင်တန်မူကြိုကျောင်းအတွက်တော့ အလားတူရန်ပွဲများ မဖြစ်ခဲ့တာသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ကလေးများအကြား ပဋိပက္ခဖြစ်သည့်အခါတိုင်း ဆရာဆရာမများက ချက်ချင်းဖြေရှင်းပေးကြမည် ဖြစ်သည်။

ထို့ကြောင့် ယနေ့ရန်ပွဲသည် မတော်တဆ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။  လက်ရှိဆရာဆရာမများ အားလုံးသည် အခြားကလေးများအား ဂရုစိုက်နေခဲ့ကြရပြီး ထိုနေရာကို အာရုံမစိုက်နိုင်ဘဲ ရှိခဲ့ကြခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ နှစ်ဖက်စလုံးမှကလေးများအားလုံး မီးပွင့်သွားကြခြင်း ဖြစ်သည်။

“ ကျောင်းအုပ်ကြီး၊ ကလေးတွေရဲ့ မိဘတွေကို အကြောင်းကြားပြီးသွားပါပြီ။ သူတို့တွေ နေ့ခင်းဘက်မှာ ရောက်လာကြမှာပါ ”

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြလိုက်သည်။  " ဟုတ်ပြီ "

အထူးသဖြင့် ယီချန်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသော ကလေးများမှာ ဆူညံပွက်လောရိုက်နေကြကာ သူတို့၏ အော်ဟစ်သံများသည် အလိုမကျဆုံး ဖြစ်နေခဲ့သည်။

တကယ့်ကို တကျွိကျွိမြည်နေသည့် ဘီးက ချောဆီရသွားခြင်းပင်။

ဆရာများနှင့် ဆရာ၀န်များသည် ငိုကြွေးနေကြသော ဒဏ်ရာရကလေးငယ်များကို လှည့်ပတ်ကြည့်ရှုနေကြရပြီး သူတို့အား သက်တောင့်သက်သာဖြစ်ကာ စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးနေသည်အား ဟော်ရှောင်းရှောင်း ကြည့်နေလိုက်သည်။

အခြားတစ်ဖက်တွင်တော့ မျက်နှာများပေါ်တွင် ပွန်းပဲ့ဒဏ်ရာများ ရခဲ့သော်လည်း ငိုယိုမနေကာ အော်ဟစ်ဒုက္ခမပေးတတ်သော ယီချန်းနှင့် အခြားကလေးများမှာ တစ်ဖက်တစ်ချက်စီတွင် တိတ်ဆိတ်စွာမတ်တပ်ရပ်နေကြသောကြောင့် ဆရာများသည်လည်း သူတို့၏ဒဏ်ရာများကို ကုသပေးရန် သတိမေ့နေကြသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now