Chapter 92: သေစမ်း! မူကြိုကျောင်းမှာ ရန်ပွဲအကြီးစားတစ်ခု!(၃)

5.8K 999 65
                                    


Chapter 92: သေစမ်း! မူကြိုကျောင်းမှာ ရန်ပွဲအကြီးစားတစ်ခု!(၃)

ကျိုးကျိုး ဆွံ့အနေတုန်းမှာပဲ အလတ်တန်းမှ ကလေးတွေသည် Seesaw ပေါ်က ဟော်ရှောင်းရှောင်းကို ဆွဲကာ သူမကို ဆွဲချရန်ကြိုးစားနေသည်။

ဟော်ရှောင်းရှောင်း သတိမထားမိဘဲ အောက်သို့ ဆွဲချခံရသည်။ သူမ ခြေလှမ်းအနည်းငယ် ယိုင်သွားတာကြောင့် မြေကြီးပေါ် ဖင်ထိုင်ရက်လေး ပြုတ်ကျသွားသည်။

ကံကောင်းထောက်မစွာဖြင့် နူးညံ့ပါးလွှာသည့် သဲလွှာနှင့် ဖုံးအုပ်ထားသောကြောင့် သူမ လဲကျသွားချိန်တွင် မနာကျင်ခဲ့ပေ။

ကျိုးကျိုးက သူမကို ထူပေးဖို့ အမြန်ပြေးသွားပြီး စိတ်မြန်လက်မြန်ဖြင့် လက်သီးဆုပ်လေးကို ချက်ချင်းပင် တင်းတင်းဆုပ်လိုက်သည်။ " ရှောင်းရှောင်း၊ စိတ်မဆိုးနဲ့...ငါ ကြီးလာရင် မင်း ဒီကောင်တွေကို အနိုင်ယူဖို့ ကူညီပေးမယ် "

ဟော်ရှောင်းရှောင်း အံကြိတ်လိုက်သည်။

သူမကို ကောင်စုတ်လေးတွေက ဘယ်လိုလုပ်အနိုင်ကျင့်ရဲရတာလဲ!!

သူမ တစ်ခုခုလုပ်တော့မည့်အချိန်မှာပဲ တစ်ဖက်မှ ပုံရိပ်လေးက အမြန်ပြေးသွားပြီး seesawပေါ်က စိတ်ကြီးဝင်နေသည့် ကောင်လေးကို မြေကြီးပေါ် ပစ်ချလိုက်သည်။ သူက သူ့လက်သီးလေးများကို ဆုပ်ပြီး ထိုကောင်လေးကို လက်သီးဖြင့် ထိုးလိုက်သည်။

" မင်း ...မင်း ငါ့ကို ထိုးတယ် "

ကောင်လေး အရိုက်ခံရသည်ကို မြင်တာကြောင့် သူ့သူငယ်ချင်းများကလည်း အမြန်ပြေးလာကြသည်။

တစ်ချိန်တည်းမှာပဲ စိတ်ကြီးဝင်နေသည့်ကောင်လေးကို ရိုက်နှက်နေသည့် ကောင်ငယ်လေး၏သူငယ်ချင်းများသည်လည်း အမြန်ပြေးလာကြသည်။

ထို့ကြောင့် ကလေးငါးယောက် ခြောက်ယောက်သည် seesawရှေ့တွင် တိုးဝှေ့ပူးကပ်နေကြသည်။

ဒီဘက်က လက်မောင်းနှစ်ဖက်ကို ကိုက်လိုက်ချိန်တွင် ထိုဘက်က ဆံပင်ကို ဆွဲသည်။ ကလေးနှစ်ယောက်က ကြမ်းပြင်ပေါ်တွင် ဘောလုံးတစ်လုံးလို လူးလှိမ့်နေကြသည်။ ရုန်းရင်းဆန်ခတ်မှုကြောင့် သဲတွေက နေရာအနှံ့ ပျံ့သွားခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now