Chapter 27: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၂)

6.9K 934 9
                                    

Chapter 27: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၂)

ဟော်ရှောင်းရှောင်း ကြောင်နေတော့သည်။ ငါက ဘယ်သူလဲ???ငါက ဘယ်မှာလဲ??? ပြီးတော့ ငါ့ကို ဘာလို့ဆွဲခေါ်သွားတာလဲ?? ဟော်ရှောင်းရှောင်းက သူ့ကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်တော့သည်။

ဟော်ဆွေ့ချန်းကလည်း သူမကို ငုံ့ကြည့်လာပြီး ဘာမှမပြောခဲ့ပေ။

တစ်ယောက်ကိုတစ်ယောက် ၂ စက္ကန့်ကြာအောင် ကြည့်ပြီးနောက် တစ်ယောက်မျက်လုံးထဲက တုန်လှုပ်မှုကို တစ်ယောက် တွေ့သွားသည်။

ဟော်ရှောင်းရှောင်း ​ကြမ်းပြင်ပေါ်တွင် ချော်လဲသွားသည်ကို ဟော်ဆွေ့ချန်း အံ့သြသွားတော့သည်။

ဟော်ရှောင်းရှောင်းလည်း ဖခင်တစ်ဦးက ဤကဲ့သို့ ရှိနေနိုင်သည်ကို အံ့အားသင့်နေခဲ့သည်။

တကယ့်ကို သူ့သမီးရဲ့အသက်ကို ဂရုမစိုက်တဲ့ အဖေတစ်ယောက်ပဲ. . .

အနားတွင် မည်သူမျှမရှိသည့်အချိန်မျိုးတွင် ဟော်ဆွေ့ချန်းနှင့် ဝေးဝေးနေရန် သူမ ဆုံးဖြတ်လိုက်တော့သည်။ သူနှင့်ဆိုပါက သူမ၏အသက်ကို အရမ်းစိတ်ချနေလို့မရပေ။

ခြေလှမ်းအနည်းငယ်လောက် တရွတ်တိုက်ဆွဲခံရပြီးနောက် ဟော်ရှောင်းရှောင်း သူမ၏ဒူးမှ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။  သူမ ငိုချင်နေသောကြောင့် သူမ၏ပါးစပ်လေးကို စပိတ်လိုက်တော့သည်။

ဟော်ဆွေ့ချန်းက ​ကြမ်းပြင်ပေါ်မှ သူမကို ချီကာ “ မငိုနဲ့ ” လို့ တိုးတိုးပြောလိုက်သည်။

သူ့လေသံက အရမ်းတင်းမာနေသည်ကို သတိပြုမိတာကြောင့် ဖြစ်နိုင်သည်။ သူ့လေသံကို လျော့လိုက်သည်။ "မင်းရဲ့အဖိုးက ကျန်းမာရေးမကောင်းဘူးနော်...သူ့ကို သွားမနှောင့်ယှက်နဲ့ "

ဟော်ရှောင်းရှောင်း: “ … ”

ယခုပင် သူ့၏“ မကောင်းသည့် လုပ်ဆောင်ချက်များ ” ကို ဖုံးကွယ်ရန်အတွက် ဟော်ဆွေ့ချန်းက သူမကို အန်တီပ
ကျိုး၏စောင့်ရှောက်မှုထဲ လက်လှမ်းလိုက်ပြီး ရှုမန်ယင်ကို ထုတ်ပယ်သည့်အကြောင်းအရင်းကို အကျဉ်းချုပ်ရှင်းပြခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Où les histoires vivent. Découvrez maintenant