Chapter 8: ထပြီး အစာကျွေးတော့ (၁)

7.6K 1K 5
                                    

Chapter 8: ထပြီး အစာကျွေးတော့ (၁)

ဟော်ရှောင်းရှောင်းက ဟော်ဆွေ့ချန်းကို ကြည့်နေလေသည်။ဟော်ဆွေ့ချန်းကလည်း ဟော်ရှောင်းရှောင်းကို ကြည့်နေလေသည်။

သူတို့နှစ်ယောက် အကူအညီမဲ့စွာ အချင်းချင်းကြည့်နေလိုက်တော့သည်။

" ဒါကို မကြိုက်ဘူးလား... "

ဟော်ရှောင်းရှောင်းလည်း သူမအဖေကို စက်ဆုပ်ရွံရှာနေပြီဖြစ်ပြီး သူမခေါင်းပေါ်ကို တစ်ချက်ကြည့်လိုက်တော့သည်။

ဟော်ဆွေ့ချန်းက အိပ်ရာနားတွင် ရပ်နေပြီး ခဏစောင့်ကြည့်နေလေသည်။

သိသိသာသာပင် သူမက လအနည်းငယ်သာ ရှိသေးသည့် ကလေးတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဟော်ရှောင်းရှောင်း၏မျက်လုံးထဲမှ မကျေမနပ်ဖြစ်မှုနှင့် ငြင်းပယ်မှုကို မြင်နိုင်သည်ဟု ခံစားရလေသည်။

ဟော်ဆွေ့ချန်းက ကလေးတွေကို ဂရုစိုက်တဲ့ အတွေ့အကြုံမရှိသည့်အပြင် အသေးအဖွဲကိစ္စများတွင် စိတ်ရှည်သည့် သူတစ်ယောက်မဟုတ်ပေ။

ဟော်ရှောင်းရှောင်း၏ နူးညံ့သောနှုတ်ခမ်းသည် နို့ပုလင်း၏ခေါင်းနှင့် ထိမိသည့်အချိန်တွင် သူမသည် ထပ်ပြီးမစောင့်ဆိုင်းနိုင်တော့သလို မသိစိတ်၏စေ့ဆော်မှုအရ အမြန်စုပ်လိုက်လေတော့သည်။

"?"

ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်တာလဲ...

ဟော်ရှောင်းရှောင်းလည်း စိတ်ဂယောက်ဂယက်ဖြစ်သွားတော့သည်။

ဒီပါးစပ်က ဘာလို့ သူမရဲ့ထိန်းချုပ်မှုကနေ လွတ်ထွက်သွားတာလဲ...

ဟော်ရှောင်းရှောင်းက နို့မသောက်ချင်ပေ။ ဒါပေမယ့်လည်း ဒီကလေးကိုယ်၏ နို့သီးခေါင်းအပေါ်ဆွဲဆောင်မှုကို သူမ မတွန်းလှန်နိုင်ပေ။

ပြွတ်...ပြွတ်စ်..

ကလေးတစ်ယောက်ရဲ့ပြင်းပြတဲ့ဆန္ဒ သက်သာသွားတဲ့အချိန်မှာ ချောက်ချားမှုနှင့် ဒေါသအားလုံးလည်း ဖယ်ရှားသွားတော့သည်။

သူမနှလုံးသားထဲတွင် သက်တောင့်သက်သာဖြစ်သည့် ခံစားချက်တစ်ခုက သိမ့်သိမ့်တုန်နေလေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now