Chapter 110: မကျေနပ်ချက် အသစ်များ (၂)
“ ရပါတယ်၊ ဘိုးဘိုးပြောသလို ဒီအိမ်ကို နင့်အိမ်လိုပဲ သဘောထား ” စကားပြောပြီးနောက် သူမ ဟော်ဆွေ့ချန်းကို ကြည့်လိုက်သည်။ “ ဖေဖေ၊ ဖေဖေ ဘာလို့မသောက်တာလဲ ”
ဟော်ဆွေ့ချန်းက သူ့လက်ဖမိုးကို သုတ်ထားသည့် တစ်ရှူးကို လွှင့်ပစ်လိုက်၏။ ထို့နောက် ဟော်ရှောင်းရှောင်း၏အချစ်ကို ကိုယ်စားပြုသည့် ဘဲစွပ်ပြုတ်ပန်းကန်လုံးကို သူ့သမီးဆီ ယူလာပြီး တစ်ချိန်တည်းမှာ ဟင်းရွေးပေးဖို့ သူ့တူကို မြှောက်လိုက်သည်။
“ မြန်မြန်ကြီးလာပြီး မြန်မြန်အရပ်ရှည်လာအောင် များများစားပြီး စွတ်ပြုတ်များများသောက် ”
ဟော်ရှောင်းရှောင်းတစ်ယောက် သူမပန်းကန်ပေါ်တွင် စွတ်ပြုတ်တစ်ပန်းကန်လုံးနှင့် စားစရာတွေ တောင်လေးတစ်ခုလို ဖြစ်နေတာကို မြင်တော့ သူမ မျက်မှောင်ကြုတ်မိသွား၏။
“ မင်းတို့နှစ်ယောက် ဖြည်းဖြည်းစား...ဘာအစားအစာကိုမှ မဖြုန်းတီးနဲ့နော် ” ဟော်ဆွေ့ချန်း တူကို ချကာ ထလိုက်သည်။ “ အဖေ၊ ကျွန်တော် စားပြီးပြီ...အရသာရှိရှိ ဆက်သုံးဆောင်ပါ ”
ထို့နောက် သူ ထမင်းစားခန်းမှ ထွက်ခွာသွားသည်။
ဟော်သခင်ကြီးက ဟော်ရှောင်းရှောင်းကို ကြည့်မိသည်။
ဟော်ရှောင်းရှောင်းက ကလေးဆန်စွာ သူမနှုတ်ခမ်းကို မဲ့ပြပြီး လျှာတစ်လစ်ထုတ်ပြ၏။
စားပြီးနောက် ဟော်ရှောင်းရှောင်း ဆိုဖာပေါ်တွင် လှဲကာ သူမ၏ပြည့်ကျပ်နေသည့် ဗိုက်လေးကို ဖွဖွလေး ပုတ်နေသည်။
သူမအဖေ ညစာထမင်းဝိုင်းမှာတုန်းက နှစ်ကိုက်ဆိုရုံလောက်ပဲ စားခဲ့တာကို သူမ မှတ်မိတယ်။ သူ ဗိုက်ဆာနေအုန်းမှာပဲ. . .
သူမဖေဖေက ကုမ္ပဏီမှာ ငွေရှာဖို့ ကြိုးစားနေတာ၊ ဒါပေမယ့် သူ အိမ်ပြန်ရောက်တော့ ကောင်းမွန်တဲ့ ထမင်းတစ်နပ်ကိုတောင် မရခဲ့ဘူး…
ဟော်ရှောင်းရှောင်း အနည်းငယ်စိတ်ပူသွားသည်။
‘ သူ့ကို နောက်ထပ်နှစ်မိနစ်လောက် အဆာခံခိုင်းရအောင်...ပြီးရင် သူ့ စားဖို့ တစ်ခုခု ယူသွားလိုက်မယ်...ပြီးတော့ ငါ့ကို အာမခံချက်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာက သူ့အပြစ်ဘဲလေ ’
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.