Chapter 40: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၃)

7.1K 966 29
                                    

Chapter 40: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၃)

" ကပ်စေးနည်းလိုက်တာကွာ "

" ကောင်းပြီ. . . ထမင်းချက်ကို နောက်တစ်ခု ထပ်ကြော်ခိုင်းလိုက်မယ် "

ဟော်ရှောင်းရှောင်းသည် လက်နှစ်ချောင်း ထုတ်ကာ သူမရဲ့အဘိုးကို " နှစ်ခု " ဟု ပြောလိုက်သည်။

" ကောင်းပြီ. . . နှစ်ခု ကြော်ပေးပါ "

သူမအဖေသည် သူမအဘိုးထံမှ ပြစ်တင်မောင်းမဲခြင်းခံနေရသည်ကို သူမ မမြင်ခဲ့ပေ။ ဟော်ရှောင်းရှောင်းသည် ကြက်ဥကြော် တစ်ခု လုယူခံလိုက်ရသောကြောင့် စိတ်မချမ်းမသာဖြင့် ယာဂုသောက်ရန် ဇွန်းတစ်ချောင်းကို ယူလိုက်တော့သည်။

" မင်း နောက်ကျရင် ကုမ္ပဏီသွားမှာလား "

" အင်း " ဟော်ဆွေ့ချန်းသည် သူ့ပေါင်မုန့်ကို စားရင်း ဟော်သခင်ကြီးအား မကောင်းသည့်အရာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြောနေခဲ့သည်။ " ဒီနေ့ ကျွန်တော် တက်ရောက်ရမယ့် ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုရှိတယ်...ဒုဥက္ကဌကျိုးက အဖေနဲ့အတူ ရှိနေတာကြာလှပြီ...အဖေ သူနဲ့ အဆက်အသွယ်ရှိနေတုန်းလား "

ဟော်သခင်ကြီးသည် သူ့တူများကို ချကာ သက်ပြင်းပင့်မ တစ်ချက်ချလိုက်သည် " သူလည်း ခဏတာ စိတ်ရှုပ်ထွေးသွားတာပါ "

" ခဏတာ စိတ်ရှုပ်ထွေးတာလား...ဒါက ပျော်ရွှင်တဲ့ ဘဝမှာ နေထိုင်ဖို့တော့ မဖြစ်နိုင်ဘူး "

ဒုဥက္ကဌကျိုး၏အမည်ကို ကြားသည့်အခါ ဟော်ရှောင်းရှောင်း၏စိတ်ထဲသို့ အတွေးတချို့ ဝင်လာခဲ့သည်။

ဟော်ဆွေ့ချန်း ပြည်ပသို့ ထွက်ခွာသွားချိန်တွင် ဒုဥက္ကဌကျိုးသည် တရုတ်ပြည်တွင် ကိစ္စများ လုပ်ရသည်ကို အမြဲတမ်း အရူးအမူးဖြစ်နေသူဖြစ်သည်ကို သူမ သတိရသွားသည်။ သူက ဒါရိုက်တာဘုတ်အဖွဲ့မှ ဟော်ဆွေ့ချန်းအား နှင်ထုတ်ရန် ဘုတ်အဖွဲ့ဝင်များကိုပင် ဖျက်ဆီးလိုသည်။

သေချာပေါက်ပင် ထိုကဲ့သို့လူသည် ချက်ချင်း ဟော်ဆွေ့ချန်း၏ချေမှုန်းခြင်းကို ခံရပြီး ပြည်ပရှိ သူ၏ဇနီးနှင့် ကလေးများသည်လည်း ခြိမ်းခြောက်ခံရလေ့ရှိသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Wo Geschichten leben. Entdecke jetzt