Chapter 61: အဖေက တစ်ကယ်ပဲသမီးရဲ့အဖေရော ဟုတ်ရဲ့လား (၂)

6.2K 973 18
                                    

Chapter 61: အဖေက တစ်ကယ်ပဲသမီးရဲ့အဖေရော ဟုတ်ရဲ့လား (၂)

ထိုကဲ့သို့သော ရန်လိုနေသည့် အသွင်အပြင်နှင့်ရင်ဆိုင်ရသောအခါ ဟော်ရှောင်းရှောင်းသည် မည်သို့ထွက်လာရဲမည်နည်း။  သူမသည် သူမအဘိုး၏ခြေထောက်များကိုသာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

သူမသည် ဟော်သခင်ကြီးကို မျက်ဝန်းလေးများအတွင်း၌ မျက်ရည်လေးများအပြည့်ဖြင့် မော့ကြည့်လိုက်သည်။

' ငါ့အဖေက တစ်ကယ်ကိုမဖြောင့်မတ်ဘူးဆိုတာ ငါသိပါတယ်. . .  ဒါပေမယ့် သူငါ့ကို ဒီလောက်ထိ အကြမ်းဖက်မယ်လို့တော့ ငါမထင်ဘူးလေ! ''

' ငါထွက်မလာဘူး! လုံးဝ ထွက်မလာဘူး! '

“ ဟော်ဆွေ့ချန်း မင်းက ဘယ်သူ့ကိုဒေါသထွက်ပြနေတာလဲကွ ”  ဟော်သခင်ကြီးသည် သူတို့နှစ်ယောက်ကြားတွင် ရပ်တန့်လိုက်ပြီး ဟော်ဆွေ့ချန်း၏ ပုံစံအနေအထားကိုမြင်သောအခါ ချက်ချင်းပင်ဒေါသထွက်ခဲ့သည်။  " ပြောစရာရှိရင် ရှင်းပြလေ. . .  ငါပြောတာကရှောင်းရှောင်းက ကလေးပဲရှိသေးတယ်. . . အမှားတစ်ခုခု လုပ်မိတယ်ဆိုရင်တောင် ကျိုးကြောင်းဆီလျော်ပါသေးတယ် "

ဟော်ရှောင်းရှောင်း အကြိမ်ကြိမ်ခေါင်းလေးညိတ်ပြလိုက်သည်။

သူမလည်း သူမနှလုံးသားလေးထဲတွင် မှားယွင်းနေသည်ကို ခံစားနေရသည်။ သူမက သူ့ရဲ့ခြေထောက်ကို ချည်ထားခဲ့ရုံလေးပဲမဟုတ်ဘူးလား?? သူ့ရဲ့ တစ်နှစ်ခွဲအရွယ်ကလေးနဲ့ ဒီလောက်အထိဇီဇာလိုက်ကြောင်ဖို့ လိုလို့လား??

အခုတော့ လမ်းတစ်လျှောက်လုံး ကြိုးတစ်ချောင်းနဲ့ သူမကို၏လိုက်ဖမ်းတယ်. . .

တော်တော် များသွားပြီ!

၎င်းနှင့်အတူ ဟော်ရှောင်းရှောင်းသည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။  " ဘိုးဘိုး. . . ဖေဖေ့. . . ဖေဖေ့ရဲ့လက်ထဲက!"

ဟော်သခင်ကြီးသည် မျက်မှောင်ကြုတ်ခဲ့သည်။  " မင်းကိုင်ထားတာကို လွှင့်ပစ်လိုက်ဦး!"

ဟော်ဆွေ့ချန်းသည် သူ၏လက်ထဲရှိ ကြိုးကိုကြည့်ပြီး“ အဖေ. . . သူဘာလုပ်ခဲ့သလဲဆိုတာကို အဖေမသိပါဘူး။  သူက အဲ့ဒီ့ကြိုးကိုယူပြီး ကျွန်တော်အိပ်နေတုန်း ခြေထောက်နှစ်ချောင်းလုံးကို လာချည်ထားတာ။ ကျွန်တော်ဒီနေ့ ဒီကောင်မလေးကို စနစ်တကျ မဆုံးမရဘူးဆိုရင် အနာဂတ်မှာ ဒီကလေးရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတော့မှာမလား "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now