Chapter 83: အပြစ်မရှိဘူး! (၂)

5.4K 837 10
                                    

Chapter 83: အပြစ်မရှိဘူး! (၂)

ဟော်သခင်ကြီးသည် တက်ဘလက်တစ်ခုနှင့်အတူ ရောက်လာပြီး ဟော်ဆွေ့ချန်းပေးထားသည့် မူကြိုများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဟော်ရှောင်းရှောင်းအား ပြသခဲ့သည်။

ဟော်ရှောင်းရှောင်းသည် ဤအရွယ်၌ပင် ဟော်သခင်ကြီး၏ စကားအနည်းငယ်ကို နားလည်နေနိုင်သည်။  ဤမူကြိုများသည် အကောင်းဆုံးဆရာများက ဦးစီးခြင်းဖြစ်ပြီး ဆရာများမှာ ကောင်းမွန်ပြီး သင်ကြားမှုအရည်အသွေးများမှာလည်း မြင့်မားကြသည်။

သူမအံ့သြသွားသည့်အရာမှာ ဤပုဂ္ဂလိက မူကြိုများ၏ နှစ်စဉ်စရိတ်များသည် မိုးလောက်ကိုမြင့်မားနေသောကြောင့် ဖြစ်သည်။

ဟော်ရှောင်းရှောင်း ရွေးလည်းမရွေးချင်ပေ။ သူမ တစ်ကယ်ကို မသွားချင်ဘူး။ ထို့ကြောင့် ဟော်သခင်ကြီးနှင့်ရင်ဆိုင်ပြီး သူမမူကြိုကျောင်းသို့ သွားရရန်ကို ရုန်းကန်နေခဲ့သည်။

“ ဘိုးဘိုးက သမီးကို မချစ်တော့ဘူးမလား??”

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွယ်. . . ရှောင်းရှောင်းလေးကို အဘိုးက ပိုချစ်တာပါ။ သမီးကို မူကြိုပို့တာက သမီးအဖေရဲ့ ဆုံးဖြတ်ချက်ပါဆိုနေ. . . လိမ်လိမ်မာမာနဲ့ အခုရွေးထားလိုက်။ မဟုတ်ရင် ညဘက် ဖေဖေအိမ်ပြန်လာတဲ့အခါ ဒေါသထွက်သွားလိမ့်မယ် "

" ဒါဆိုရင်လည်း ... ဘိုးဘိုးက ... သမီးမူကြိုကို မသွားဘူးဆိုတာ. . .ဖေဖေ့ကို ပြောပေး. . . နားမထောင်ရင် ဘိုးဘိုးက ဖေဖေ့ကိုဆော်လိုက်လေ "

ဟော်သခင်ကြီးသည် ကျယ်လောင်စွာပင် ရယ်မောလိုက်တော့သည်။ “ ဟုတ်ပါပြီ. . . ဖေဖေအိမ်ပြန်လာတဲ့အခါကျ အဘိုးက သူ့ကိုဆူလိုက်မယ်. . .သူကများ ဘယ်လိုလုပ်ပြီး ရှောင်းရှောင်းလေးကို မူကြိုစောစောစီးစီး ပို့နိုင်ရတာလဲ ”

ဟော်ရှောင်းရှောင်း၏ မျက်လုံးများတောက်ပသွားတော့သည်။

"ဒါပေမယ့်ရှောင်းရှောင်းရယ်. . . မင်းလေးရဲ့ အဖေက အဘိုးရဲ့စကားကို နားမထောင်ဘူးဆိုရင်တော့ အဘိုးမှာလည်း ရွေးချယ်စရာ မရှိတော့ဘူးနော် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now