Chapter 147: အလတ်တန်း (၁)

4.9K 698 5
                                    


Chapter 147: အလတ်တန်း (၁)

ထိုသို့ပြောပြီးနောက် ဟော်ရှောင်းရှောင်း တုံ့ပြန်မှာကိုတောင် မစောင့်တော့ဘဲ ကားတံခါးပိတ်လိုက်ပြီး ဖျတ်ခနဲ ထွက်သွားတော့သည်။

ဟော်ရှောင်းရှောင်းသည်တော့ ဘန်တလေကား၏ အခိုးအငွေ့များထွက်နေသော အနောက်ဘက်အခြမ်းနှင့်သာ ရင်ဆိုင်လိုက်ရပြီး ပါးစပ်ပိတ်ကာ သူမ၏ကျောင်းလွယ်အိတ်လေးကိုလွယ်ပြီး တံခါးဝသို့ လျှောက်သွားရတော့သည်။

——

ဟော်ဆွေ့ချန်းမှာ ယနေ့ညတွင် ဧည့်ခံပွဲတစ်ခု အမှန်တကယ်တက်ရောက်ရန် ရှိသော်လည်း ယခုသည် ညနေ ၄ နာရီ ၅၀ မိနစ်သာ ရှိသေးပြီးပွဲကည ၈ နာရီမှ စမည်ဖြစ်ကာ ထွက်ခွာရန်မှာ စောလွန်းနေသေးသည်။

ကားမောင်းသမားက နောက်ကြည့်မှန်မှတစ်ဆင့် ဟော်ဆွေ့ချန်းကိုကြည့်လာပြီး " သခင်လေး. . . ကျွန်တော်တို့ ဧည့်ခံပွဲဆီကို တိုက်ရိုက်သွားကြမှာလား??"

ဟော်ဆွေ့ချန်း သူ့မျက်ခုံးကို ပွတ်လိုက်ပြီး " ကုမ္ပဏီကို အရင်ပြန်သွားလိုက် "

" ကောင်းပါပြီ "

ကားသည် ရှေ့လမ်းဆုံ၌ ဂငယ်ကွေ့ကွေ့သွားပြီး ကုမ္ပဏီဘက်သို့ ပြန်မောင်းသွားခဲ့သည်။

ညနေ ၇ နာရီခွဲမတိုင်မီ ဟော်ဆွေ့ချန်းသည် ဧည့်ခံပွဲအတွက် ကုမ္ပဏီမှ ထွက်ခွာသွား၏။

ဟော်ဆွေ့ချန်းအတွက်တော့ ဤဧည့်ခံပွဲမျိုးသည် တကယ့်ကိုပျင်းရိစရာကောင်းလွန်းသည်။ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောကြခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းတို့ထက် ဘာမှမပိုပေ။ ၎င်းတို့အားလုံးသည် အလွန်ဆန်းပြားကာ တစ်ခါတစ်ရံ ချစ်ကြည်ရင်းနှီးရေးအတွက် လုပ်ငန်းကတ်များ အပြန်အလှန်ပေးခြင်းများအပြင် မျက်စပစ်ပြသော အမျိုးသမီးများလည်း ရှိကြ၏။

သူသည် ရှန်ပိန်တစ်ခွက်နှင့် လူအုပ်ကြီးမှဝေးရာသို့ ထွက်ခွာသွားသည်။

စိတ်မပါဘူး. . .

"အစ်ကိုဟော် ဘာဖြစ်နေတာလဲ?? ဒီည မပျော်ဘူးလား?? " လုပေါ်ယန်သည် ဝိုင်နီတစ်ခွက်ကိုင်ထားကာ လမ်းလျှောက်လာသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now