Chapter 87 : ဖေဖေ့သမီးလေးက ဖေဖေ့ကို လွမ်းနေပြီ (၁)

6.1K 919 11
                                    

Chapter 87 : ဖေဖေ့သမီးလေးက ဖေဖေ့ကို လွမ်းနေပြီ (၁)

ဟော်ရှောင်းရှောင်း marker တစ်ခုယူ၍ ဟော်ဆွေ့ချန်း၏ အ၀တ်လဲခန်း၌ နေ့ခင်းပိုင်းတစ်ခုလုံး ဗြောင်းဆန်အောင် ပုံဆွဲပြီးသွားသည့်အချိန်တွင်တော့ ထို " အဖေနှင့်သမီး၏ အဝတ်အစားပြဿနာ " သည် နောက်ဆုံးတော့ ပြီးဆုံးသွားတော့သည်။ သူမလိပ်ဘယ်နှကောင်လောက် ဆွဲခဲ့သည်ကို သူမ မမှတ်မိတော့ဘဲ ဟော်ဆွေ့ချန်းဝတ်သော အင်္ကျီ brand ၏ ၀န်ထမ်းများသည် နောက်တစ်နေ့၌ ဝတ်စုံသစ်များစွာကို ထပ်လာပို့သွားသည်ကိုသာ သူမ သိသည်။

ဤကာလအတွင်း ဟော်ဆွေ့ချန်းသည် စောစောအလုပ်သွားရပြီး နောက်ကျမှ ပြန်လာရသည်။ ဟော်သခင်ကြီး၏ ကျန်းမာရေးသည် အမြဲမပြတ်ဆိုးရွားနေပြီး အနားယူရန် ဆရာဝန်ကအကြိမ်ကြိမ် အကြံပေးခဲ့သည်။ ဤအချက်ကို ထည့်သွင်းစဉ်းစားပြီး ဟော်သခင်ကြီးသည် ဟော်ဆွေ့ချန်းအား ဟော်ရှောင်းရှောင်းကို မူကြိုပို့မည်နှင့် ပတ်သတ်၍ ထပ်မံဆွေးနွေးခဲ့သည်။

ဝေါလ်လင်တန် ဘိုင်လင်ဂယ် မူကြိုကျောင်းသည် မြို့တော် Sရှိ စျေးအကြီးဆုံး ပုဂ္ဂလိကမူလတန်းကျောင်းများထဲမှ တစ်ခုဖြစ်သည်။ နှစ်စဉ်စရိတ်မှာ ယွမ် ၁၉၈၀၀၀ အထိ မြင့်မားလေပြီးငွေကုန်ကြေးကျများ၏။ သို့သော်လည်း တက်ရောက်ချင်နေသည့် ကျောင်းသားအရေအတွက်မှာ မနည်းပေ။ မရေမတွက်နိုင်သော မိဘများသည် သူတို့၏ကလေးများကို ဤကျောင်းသို့ မည်သို့ပို့ရမည်ကိုသာ တွေးနေကြခြင်းဖြစ်သည်။

ဟော်ရှောင်းရှောင်းတစ်ယောက် ဤမူကြိုကျောင်းတွင် တက်ရမည်ဖြစ်သည်။

အမှန်တော့ ဟော်ရှောင်းရှောင်းလေး မပျော်တော့ပေ။

သူမ မူကြိုကျောင်းကို သွားရမည်ဆိုသည်အား သိကတည်းက ပျော်ရွှင်မှုလေးများ သူမနှင့် ဝေးကွာသွားခြင်းဖြစ်သည်။

သူမ၏ယခင်ဘ၀တွင် ဆယ်နှစ်ကျော်မျှ လေ့လာခဲ့ပြီးဖြစ်သည်။ စာအကြောင်းပေအကြောင်း ဂရုမစိုက်ဘဲ နှစ်နှစ်ကြာလောက် ပစ်ထားပြီးနောက် ယခုသူမ ကျောင်းပြန်တက်ရတော့မည်ပင်။

သူမသည် စိတ်ပိုင်းဆိုင်ရာတွင် အဆင်သင့်မဖြစ်သေးဘဲ နောက်ထပ်တစ်နှစ်လောက်တော့ လွတ်လွတ်လပ်လပ် နေချင်ခဲ့သေးသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )حيث تعيش القصص. اكتشف الآن