Chapter 144: သူမနှင့် တွေ့ဆုံခြင်း (၅)

4.7K 705 6
                                    


Chapter 144: သူမနှင့် တွေ့ဆုံခြင်း (၅)

" ချန်းချန်း ဒီနေ့စိတ်အခြေအနေမကောင်းဘူးလား?? သူမ... " စာသင်ခန်းတံခါးနားက ဟော်ရှောင်းရှောင်းကို ကြည့်တဲ့အချိန်တွင် ကျိဝမ်ရှင်းသည် သူမ၏စကားသံကို ရုတ်တရက် ရပ်တန့်လိုက်သည်။

" ချန်းချန်းအမေ၊ ဘာဖြစ်တာလဲ "

ကျိဝမ်ရှင်းက သူမပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမလည်ပင်းထဲတွင် အရာဝတ္ထုတစ်ခုက ပိတ်ဆို့နေသလိုပင်။ သူမ အချိန်အကြာကြီး စကားမပြောနိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း မျက်ရည်များက သူမ၏မျက်လုံးများတွင် ပြည့်လာကာ ကျလာတော့မလိုဖြစ်နေသည်။ သူမက အနည်းငယ် တုန်ယင်နေသည့် အသံနှင့် ဟော်ရှောင်းရှောင်းကို လက်ညှိုးထိုးပြလိုက်သည်။

" သူမ... ဒီကလေးက... "

" သူမနာမည် ဟော်ရှောင်းရှောင်းလေ. . . ရှောင်းရှောင်း၊ သမီး ဘာလို့တံခါးနားကို လာရတာလဲ?? သမီးဘိုးဘိုး မလာသေးဘူး။ ဆရာမတို့ စာသင်ခန်းထဲမှာ သွားစောင့်ရအောင်၊ ဟုတ်ပြီလား "

ဟော်ရှောင်းရှောင်းသည် တံခါးဘောင်ကို မှီရင်း " သမီး ဒီမှာပဲရပ်ပြီးစောင့်လို့ မရဘူးလား " ဟု ပြောလာသည်။

" မရဘူး၊ သမီး စာသင်ခန်းထဲမှာပဲ စောင့်ရမယ်လို့ ဆရာမ အရင်က ပြောပြီးပြီလေ "

" ဟုတ်ကဲ့ "

" ခဏလေးနော်... " ကျိဝမ်ရှင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဟော်ရှောင်းရှောင်း ရှေ့ကို လျှောက်သွားလိုက်သည်။ သူမက ထိုင်ချလိုက်ပြီး ကလေးကိုအနီးကပ်ကြည့်လိုက်သည်။ သူမ မေးနေစဥ်တွင် သူမ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ပေါ်လာသည်။ " သမီးရဲ့နာမည်က... ဟော်ရှောင်းရှောင်းလား "

ဟော်ရှောင်းရှောင်းက ခေါင်းု
ငြိမ့်ပြသည်။

" သမီး... အန်တီ့ကို မှတ်မိလား?? "

ဟော်ရှောင်းရှောင်းက ခေါင်းခါပြသည်။

" တစ်နေ့က Ocean World မှာ အန်တီ သမီးအတွက် သက်သေခံပေးခဲ့တယ်လေ၊ အခု အန်တီ့ကို မှတ်မိပြီလား "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now