Chapter 125 : မထင်မှတ်သော တွေ့ဆုံမှု (၂)
" ဟုတ်ပါတယ်၊ လူကြီးမင်းက ဖြတ်သန်းခွင့်ရ VIP ပါ. . . ဒါပေမယ့် တစ်ခြားအဖွဲ့ဝင်က ကျွန်တော်တို့ကို ၀င်ကြေးဒေါ်လာသန်းတစ်ဝက် ပေးချေထားပြီး သူ့ရဲ့နှစ်စဉ်အသင်းဝင်ကြေး ကလည်း ၁၀၀၀၀၀ ကျော်ရှိပါတယ် "
ထိုလူရှင်းပြပြီးနောက် လူအုပ်ကြီးထဲမှ မှင်သက်အံ့သြနေသံများ ထွက်လာတော့သည်။
" ၀င်ကြေးက ဒေါ်လာ ၅၀၀၀၀၀ ရှိပြီးတစ်နှစ်ကို ၁၀၀၀၀၀ ကျော် ပါဝင်နေဖို့လည်း လိုသေးတယ်ပေါ့ " အမျိုးသမီးက အံ့သြသွားသည်။ " ဒါဆို ဒီဘော့စ်က ပိုက်ဆံအများကြီး သုံးထားတာပဲ၊ ဒါပေမယ့် သူဒီကို တစ်နှစ်လုံးမှ ဘယ်နှစ်ခေါက်လာတာလဲ??"
" ဖေဖေ၊ သမီးတို့က ဘာလို့ဝင်လို့မရတာလဲ?? "
" ဘာလို့လဲဆိုတော့...တစ်ခြားတစ်ယောက်ယောက်က ကြိုမှာထားပြီး သားဖြစ်နေပြီး ဖေဖေက ကြိုမှာဖို့ မေ့သွားလို့လေ၊ အဲ့ဒါကြောင့် ဖေဖေတို့ ဝင်လို့မရတာ "
"ဒါဆို ဖေဖေနောက်တစ်ခါကျရင် ကြိုမှာဖို့ မမေ့နဲ့နော် "
"ကောင်းပြီ၊ ဖေဖေ မှတ်ထားလိုက်မယ်. . . သမီးနို့က ကုန်ပြီလား "
" ကုန်ပြီ " ချန်းချန်းက သူမ၏နို့ဘူးအလွတ်ကို အမျိုးသမီးအား ပေးလိုက်၏။ " မေမေ၊ သမီးသောက်ပြီးပြီ. . . မေမေ ဘာဖြစ်နေတာလဲ?? "
သူမဘေးမှ အမျိုးသားသည်လည်း အမျိုးသမီး၏မျက်နှာပေါ်ရှိ မှုန်မှိုင်းမှုများကို သတိပြုမိသွားသည်။ ထို့ကြောင့် သူမလက်လေးကိုဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာမေးလိုက်၏။ " ဝမ်ရှင်း. . .ဘာဖြစ်လို့လဲ?? ဗိုက်ဆာနေတာလား??"
ကျိဝမ်ရှင်းက ခေါင်းခါပြလိုက်သည်။ " ကျွန်မ...ကျွန်မ နေကောင်းပါတယ်၊ ဒီနေ့ လမ်းလျှောက်တာကြာသွားလို့ ပင်ပန်းသွားတာ၊ ကျွန်မတို့ တစ်ခြားစားသောက်ဆိုင်ကိုပဲ သွားကြမယ်လေ "
သူမမျက်လုံးထဲရှိ ထိတ်လန့်မှုအရိပ်အယောင်များ ပျောက်ကွယ်သွားပြီး အရာအားလုံးကို ပြန်လည်သိုဝှက်ထားလိုက်၏။
ထိုလူသည်လည်း သူ့ဇနီးကို ပြန်နှစ်သိမ့်ပေးခဲ့သည်။ " ကိုယ်လည်း ဒီမှာလူအများကြီးရှိလိမ့်မယ်လို့ မထင်ခဲ့တာပါ "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.