Chapter 26: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၁)

7.5K 987 12
                                    

Chapter 26: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၁)

ဟော်ဆွေ့ချန်း၏တုန့်ပြန်မှုသည် ဟော်ရှောင်းရှောင်းအတွက်တော့ အတော်လေးမမျှော်လင့်ထားသည့်ကိစ္စဖြစ်သည်။

ရှုမန်ယင်က ဖြူစင်ကာ ကျက်သရေရှိပုံပေါ်ပြီး မေ့မရနိုင်သည့် အလှလေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူမက ဂုဏ်သိက္ခာကြီးမားသည့်ကျောင်းမှ ဘွဲ့ရခဲ့ပြီး စန္ဒရားကိုရော အကကိုပါ ကောင်းမွန်စွာ တီးခတ်ကပြနိုင်လေသည်။

ဇာတ်ကြောင်းတိုးတက်မှုအရဆိုလျှင် သူမ၏ဖခင်သည် အလှအပထဲ အရင်ကျဆုံးရမည်ဖြစ်သည်။ သူက ချစ်စိတ်ပြင်းပြမှုနှင့် ဝါသနာပါသည့် အလုပ်အကြောင်းကို ပြောပြီးမှသာ ဤလူကို စွန့်ခွာလိမ့်မည်ဖြစ်သည်။

ဇာတ်ကြောင်းတောင် မစသေးဘဲ ဘာလို့အရမ်းမြန်မြန် ဖယ်ရှားပစ်ခဲ့တာလဲ။

" ငါ့သမီးက မင်းကို မကြိုက်တာကို မမြင်နိုင်ဘူးလား "

ဟော်ရှောင်းရှောင်း အံ့သြနေဆဲဖြစ်သည်။ တစ်ည အိပ်ပြီးတဲ့နောက်မှာ အဖေနဲ့ သမီးကြားက ဆက်ဆံရေးက အရမ်းနက်ရှိုင်းလာတာလား။

ဒါ တိုးတက်တာ အရမ်းမြန်လွန်းတယ်နော်. . .

အမြန်ဆုံးနည်းနဲ့ ဒုံးပျံစီးနေတာပဲ။

ဟော်ရှောင်းရှောင်း ဤတစ်ကြိမ်တွင် သူမ၏ဘဝအတွေ့အကြုံကို ယုံကြည်မှုကင်းမဲ့လာခဲ့သည်။ အလားတူပင် ရှုမန်ယင်သည်လည်းနားလည်ရန် ခက်ခဲနေသည်ကို သူမ သိလိုက်ရသည်။

သူမ ကြောင်သွားကာ ဟော်ရှောင်းရှောင်းကို ကြည့်ကာ မေးလိုက်သည်။ " ဥက္ကဌဟော်၊ ရှင် ဘာကိုဆိုလိုတာမှန်း ကျွန်မ... ကျွန်မ မသိဘူး...ဒီနှစ်မှာ ကျွန်မ ရှောင်းရှောင်းကို စောင့်ရှောက်ပေးခဲ့တယ်...ကျွန်မတို့ ဂိမ်းလည်း အတူကစားကြပြီး စန္ဒရားလည်း အတူတီးကြပြီး ကျွန်မတို့ တစ်လျှောက်လုံး ကောင်းကောင်းရှိနေခဲ့တာပါ...ရှောင်းရှောင်း ကျွန်မကို သဘောမကျဘူးလို့ ကျွန်မ မထင်ဘူး "

ဟော်ဆွေ့ချန်း မော့ကြည့်လိုက်သည် " အကယ်၍ သူမက မင်းကို သဘောကျရင် မင်းကို ဘာလို့အမြဲတမ်းတွန်းထုတ်နေတာလဲ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now