Chapter 52: မေတ္တာအပြည့်ရှိတဲ့ ဖခင်ရဲ့အပြုံး (၃)

6.3K 998 37
                                    

Chapter 52: မေတ္တာအပြည့်ရှိတဲ့ ဖခင်ရဲ့အပြုံး (၃)

သူမသာ အခုလောက်ထိ စိတ်ပျက်အားငယ်မှုဖြစ်မနေပါက ဘယ်သူကရော ဒီလိုအရှက်ခွဲခံချင်မှာတဲ့လဲ!!

သူမ ဘာမှမလုပ်ပေးနိုင်သော်လည်း ဒီကိစ္စကိုတော့ ဖြေရှင်းနိုင်သည်။ စကားလုံးများနှင်ဖော်ပြတာက ကောင်းစွာလုံလောက်မည်မဟုတ်ပေ။ ထို့အပြင် ဟော်ဆွေ့ချန်းက သူမကို နားမလည်နိုင်ရင်ကော။ နားလည်မှုလွဲပါက ပြဿနာဖြစ်စေနိုင်သည်။

ထို့ကြောင့် ဒါက သူမ စဉ်းစားနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

အလံဖြူလွှင့်ခြင်းသည် တကယ့်ကို ရှက်စရာကောင်းသည်။ ထို့ကြောင့် ဟော်ဆွေ့ချန်း ကျိန်းသေကို သူမ ဆိုလိုသည်ကို နားလည်နိုင်သည်။

သူမ အစောကတည်းက သိခဲ့ပါက သူမ မီးချောင်းတစ်ချောင်း ရှာလိမ့်မည်ဖြစ်သည်။ ဒီတစ်ခုက အရမ်းလေးသောကြောင့် သူမလက်မောင်းလေးတွေနှင့် ခြေထောက်လေးတွေက တကယ့်ကို နာကျင်နေသည်။

ခဏဝှေ့ယမ်းပြီးနောက်တွင်ပင် အခန်းထဲတွင်လှုပ်ရှားမှုမရှိပေ။

သူမ မျက်မှောင်ကြုတ်လိုက်သည်။

သူမ အလံဖြူလွှင့်ပြီးပြီလေ။ ဟော်ဆွေ့ချန်း ဘာဖြစ်နေတာလဲ???

သူ မမြင်တာလား???

တံခါး၏အဟနေရာမှတစ်ဆင့် ကြည့်ရန် သူမခေါင်းကို စောင်းလိုက်ချိန်တွင် သူ့စားပွဲခုံနောက်တွင် ထိုင်နေကာ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုနှင့် ရှိနေသည့် ဟော်ဆွေ့ချန်း၏မျက်လုံးများနှင့် ဆုံလိုက်ရသည်။

သူမ၏သူငယ်အိမ်များက အနည်းငယ်ကျုံ့သွားပြီး သူမခေါင်းကို မြန်မြန်ဆုတ်ခွာလိုက်သည်။

ဘယ်လောက်ရှက်စရာကောင်းလဲ!!

ဟော်ရှောင်းရှောင်း၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားပြီး ခွေးခြေခုံပေါ်မှ ခြေချောင်းလေးများက ဂရုတစိုက်ဖြင့် ဆင်းသွားတော့သည်။

သူမ ဤနေရာတွင် နေရန် ရှက်ဖို့ကောင်းလွန်းသည်။ သူမလက်ထဲရှိ တုတ်ချောင်းကို လွှင့်ပစ်လိုက်ပြီး ခွေးခြေခုံလေးကို ကိုင်ကာ ဟော်ဆွေ့ချန်း ထွက်လာပြီး သူမကို ဂုဏ်ယူနေသည့်ပုံစံဖြင့် မရယ်ခင်မှာပဲ သူမ ထွက်ပြေးခဲ့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang