Chapter 84: ဖေဖေ့အတွက် လိပ်လေးတစ်ကောင် ဆွဲပေးမယ် (၁)

5.6K 808 17
                                    

Chapter 84: ဖေဖေ့အတွက် လိပ်လေးတစ်ကောင် ဆွဲပေးမယ် (၁)

“ ရှောင်းရှောင်း မူကြိုကျောင်း သွားတာနဲ့ပတ်သက်ပြီး ကျွန်တော်ပဲ သူ့ကို ရွေးခိုင်းလိုက်တော့မယ် ”

“ ကလေးက ငယ်ငယ်လေးပဲရှိတယ်၊ သူ့အတွက် ဘာက အကောင်းဆုံးလဲကို  ဘယ်လိုလုပ်နားလည်ဦးမှာလဲ ” ဟော်ဆွေ့ချန်း ဟော်ရှောင်းရှောင်းကို ချီရန် ခေါင်းငုံ့လိုက်သည်။ သို့သော်လည်း သူမ တုန်လှုပ်သွားပြီး ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်၏။

ဟော်ဆွေ့ချန်း သူ့မျက်ခုံးကို ပင့်ကာ သူ့သမီးကို သူ့လက်နှစ်ဖက်ဖြင့် ချက်ချင်း ကောက်ချီလိုက်သည်။

“ အဖေ၊ ရှောင်းရှောင်းနဲ့ ကျွန်တော် မူကြိုကျောင်းကိစ္စအကြောင်း ပြောလိုက်မယ်...ကျွန်တော် သူ့ကို ခဏနေ ပြန်ခေါ်လာခဲ့မယ် ”

ဟော်သခင်ကြီးက ဟော်ဆွေ့ချန်း လူဆိုးဖြစ်တော့မည်ဟု ခံစားနေရသည်။ “ သွား၊ သွား. . . ကလေးနဲ့ စကားပြောလိုက်ပေါ့ "

ဟော်ရှောင်းရှောင်း ထိတ်လန့်သွားသည်။ သူမကို သင်ခန်းစာပေးရန် သူမအဘိုး၏အကြည့်အောက်မှ အဝေးသို့ ခေါ်သွားနေသည့်ပုံပင်။

“ ဘိုးဘိုး ”

ဟော်ဆွေ့ချန်း တီးတိုးပြောလိုက်သည်။ “ မအော်နဲ့ ”

ဟော်ရှောင်းရှောင်း သူမပါးစပ်ကို ပိတ်ထားလိုက်သည်။ သူမသည် အပေါ်ထပ်အခန်းသို့ ဟော်ဆွေ့ချန်း၏ခေါ်ဆောင်သွားခြင်းကို ခံရသည်။

တံခါးပိတ်လိုက်သည်နှင့် အခန်းထဲတွင် အဖေနှင့် သမီးသာရှိနေတော့သည်။

ဟော်ရှောင်းရှောင်း အသက်ပြင်းပြင်းရှူလိုက်သည်။

' မလန့်နဲ့၊ နေဦး၊ ပြဿနာက မကြီးဘူး '

“ ဖေဖေ… ”

ဟော်ဆွေ့ချန်း သူ့ရှပ်အင်္ကျီကို ဖြန့်လိုက်ပြီး နောက်ကျောဘက်ရှိ လိပ်ကို သူမကို ပြလိုက်သည်။

“ ဒါက မင်း ဆွဲထားတာလား ”

ဟော်ရှောင်းရှောင်း ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now