Chapter 11:ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၂)

7.6K 970 10
                                    


Chapter 11: ငါ့မြေးလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလဲ (၂)

 "ကျွန်မ မှတ်ထားပါ့မယ် အန်တီကျိုး.... အန်တီပြောတာမှန်ပါတယ်...နောက်တစ်ခေါက် ထပ်မမေးတော့ပါဘူး..."

————

ပြီးခဲ့တဲ့ရာစုနှစ်အချို့ရဲ့ ပြင်သစ်ပိုင်နေရာမှာ တည်ရှိတဲ့ ဟော်အိမ်တော်ကို ဗြိတိသျှကောင်စစ်ဝန်က စစ်မှန်တဲ့ ပြင်သစ် ဗိသုကာပညာပုံစံနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အရှေ့တွင် ဥယျာဥ်တစ်ခုရှိပြီး အနောက်တွင်တော့ ရေပန်းရှိလေသည်။ လေးထပ်အမြင့်နှင့် ဧရိယာ ၅၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းပြီး၊ လွန်ခဲ့သော ရာစုက ပုံစံကို ဆက်လက်ထိန်းသိမ်းထားသည်။

အိမ်တော်ရဲ့ဂိတ်တံခါးမှာ ပွင့်သွားပြီး အိမ်တော်ထိန်းသည် အထဲမှ သုတ်တီးသုတ်ပြာနှင့် ထွက်လာပြီး နောက်တွင်ကျန်ခဲ့သည့် လူငယ်လေးကို တီးတိုးပြောလိုက်သည်, " ရှောင်ဝူ သခင်ကြီး ပြောထားတာတွေအားလုံးကို မင်း အရင်ဝယ်လိုက်... ပြီးရင် တော်ဝင်သစ်ခွဗီလာကို ကိုယ်တိုင်သွားပြီး သခင်မလေးကို ဒီခေါ်လာလိုက်... "

ပြောပြီးသည့်နောက်မှာတော့ သူက ထိုလူကို စာရင်းတစ်ခုပေးလိုက်သည်။

" မစိုးရိမ်ပါနဲ့ ဘဏ္ဍာစိုးချန် အဲ့ဒါကို ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်... "

" မြန်မြန်သွား... "

ရှောင်ဝူထွက်သွားသည်ကို မြင်လိုက်တော့မှဘဏ္ဍာစိုးချန်လည်း စိတ်သက်သာရာရသွားပြီး စိုးရိမ်စွာ တံခါးကို ကြည့်လိုက်တော့သည်။

ဒေါသထွက်နေသည့် အသံယဲ့ယဲ့ကို
 ကြားနေရလေသည်။

" အရိုင်းအစိုင်းကောင် ဒါက ငါ့မြေးလေးပဲလေ.. ငါ့မြေးလေးဆီ လာလည်ဖို့ မင်းတို့ရဲ့ခွင့်ပြုချက်ကို ယူရမှာတဲ့လား... "

"...အဖေ ဘာတွေပြောနေတာလဲ.."

" ဟော်ဆွေ့ချန်း ငါ မင်းကို ပြောနေတယ်... မင်း ငါ့ကို ဒီနေ့ ကလေးမချီခိုင်းရင် နောက်ကျရင် မင်း ဒီကိုပြန်မလာနဲ့တော့.. "

ထိုစကားတွေ ကြားတဲ့အခါမှာတော့ ဘဏ္ဍာစိုးချန်လည်း သက်ပြင်းချလိုက်လေတော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now