Chapter 99: ဖေဖေက ပုံပြင်တစ်ပုဒ် ပြောပြတယ် (၁)
" ဟော်ရှောင်းရှောင်း ဒီကိုမြန်မြန်လာ. . . ငါမင်းအတွက် ခုံတစ်ခုံကြိုဦးပေးထားတယ်! "
သူမစာသင်ခန်းထဲသို့ ၀င်လိုက်သည်နှင့် အိမ်ဆောက်သည့် အတုံးလေးများ ဆော့ရသောနေရာရှေ့တွင် ခါးပေါ်လက်ထောက်ကာ သူမကိုအော်ခေါ်နေသော ကျိုးကျိုးကို ဟော်ရှောင်းရှောင်း မြင်လိုက်ရသည်။ ထိုကောင်လေးသည် အခြားကလေးများကို အနားကပ်မခံဘဲ သူ့ဘေးနားတွင်တော့ ကောင်လေးနှစ်ယောက်ကို အစောင့်သဘောမျိုး သူနှင့်အတူ မတ်တပ်ရပ်ခိုင်းထားလေသည်။
ဟော်ရှောင်းရှောင်း အေးအေးလူလူ လျှောက်လာနေစဉ်တွင် ကျိုးကျိုးက သူမကို အလျင်အမြန်ပင် ထိုင်ခုံလေးတစ်ခုံ ပေးလာ၏။ "ဒါက မင်းအတွက် အထူးသီးသန့် "
သူတို့၏အတန်းပိုင်တီချယ်က ကျိုးကျိုးကို ကြည့်ပြီး " ကျိုးကျိုး. . . တစ်ခြားကလေးတွေကို အနိုင်မကျင့်ဖို့ တီချယ်မင်းကို မပြောခဲ့ဘူးလား "
“ သားတစ်ခြားကလေးတွေကို အနိုင်ကျင့်တာ မဟုတ်ပါဘူး”
"မဟုတ်ဘူး? ဒါဆို မင်းဘာလို့ ဒီနေရာကို အပိုင်းသိမ်းထားတာလဲ?? တစ်ခြားကလေးတွေ သားနဲ့လာကစားချင်ရင် ဘယ်လိုဖြစ်မလဲ "
ကျိုးကျိုး သူ့နှုတ်ခမ်းကို ဆူပုတ်ထားလိုက်ပြီး ဆရာမကို စကားမပြောတော့ပေ။
" အခန်းထဲကလူတိုင်း ဒီကအရာအားလုံးကို အတူတူကစားနိုင်လို့ရတယ်၊ သားတစ်ယောက်တည်း အပိုင်ဦးထားလို့ မရဘူးနော် "
ကျိုးကျိုး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
" ကျိုးကျိုးနဲ့ ရှောင်းရှောင်းတို့ သူငယ်ချင်းကောင်းတွေဖြစ်လာလို့ တီချယ်က အရမ်းပျော်တယ်၊ ဒါပေမယ့် ကျိုးကျိုးက တစ်ခြားကလေးတွေနဲ့လည်း ကစားဖို့ ကြိုးစားကြည့်သင့်တယ်. . . အားလုံးအတူ ဘယ်လိုဝေမျှရမယ်ဆိုတာကို နားလည်ရမယ် "
"နားလည်ပြီ"
တီချယ်သည် ကျိုးကျိုး၏ခေါင်းလေးကို အပြုံးဖြင့်ပုတ်ပေးလိုက်ကာ ဟော်ရှောင်းရှောင်းကိုကြည့်ပြီး " သမီးတို့ ဆက်ကစားလို့ရပြီ " ဟု ဆိုသည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.