Chapter 132: မီးရှူးမီးပန်း မတော်တဆမှု (၂)
" ဖေဖေ အလုပ်လုပ်နေတာလား "
" အင်း "
သူ အလုပ်လုပ်နေတာကြောင့် ဟော်ရှောင်းရှောင်း သူ့ကို မနှောင့်ယှက်တော့ဘဲ သူ့ကိုသာ မှီရင်း သူမရဲ့ဗိုက်ကို ပွတ်သပ်နေခဲ့သည်။
သူမဗိုက်လေး၏ ညာဘက်ကို သုံးကြိမ်၊ ဘယ်ဘက်ကို သုံးကြိမ် ပွတ်သပ်ခဲ့သော်လည်း မသက်မသာဖြစ်နေတုန်းပင်။
သူမအဖေရဲ့အားနေသည့် ညာဘက်လက်ကို ကြည့်ပြီး ဆွဲယူကာ သူမဗိုက်ပေါ် တင်လိုက်၏။ " ဖေဖေ၊ သမီးဗိုက်ကို ပွတ်ပေးပါ "
အလုပ်လုပ်နေသည့် ဟော်ဆွေ့ချန်းက ခဏလောက် ခွင့်လွှတ်လိုက်ပြီး သူ့လက်ကို ပြန်မယူခင် နှစ်ကြိမ်လောက် သူမရဲ့ဗိုက်ကို ပွတ်ပေးလိုက်သည်။
" ဖေဖေ၊ ပွတ်ပေးဦး " ဟော်ရှောင်းရှောင်းက သူ့လက်ကို ထပ်ယူလိုက်ပြီး သူမဗိုက်ပေါ် ထပ်တင်လိုက်ပြန်သည်။
ဟော်ဆွေ့ချန်းလည်း သူမကို ကြည့်ပြီး ပြောလိုက်၏။ " မင်းလက်က ဘယ်မှာလဲ "
ဟော်ရှောင်းရှောင်းက သူမလက်လေးကို ဆန့်ထုတ်လိုက်ပြီး သူမ၏လက်ဖဝါးကို သူ့လက်ဖဝါးနှင့် ယှဥ်ပြလိုက်သည်။
" ဖေဖေ့လက်တွေက အရမ်းကြီးပြီး သက်တောင့်သက်သာရှိတယ်၊ သမီးလက်တွေက သေးပြီး ပွတ်ရတာ အဆင်မပြေဘူးလေ "
.
သူမအဖေရဲ့လက်တွေက အတော်လေးကြည့်ကောင်းပြီး ရှည်လျားကာ လက်ဆစ်လေးတွေက အတော်လှသည့်အပြင် သူ့လက်ချောင်းများတွင် မည်သည့်အရစ်မှမရှိပေ။ အရမ်းတိုလွန်းနေပြီး ကိုယ့်လည်ပင်းကိုယ်တောင် မဖုံးကွယ်နိုင်သည့် သူမ၏လက်ချောင်းများလို မဟုတ်ဘဲ သူ့လက်ဖမိုးရှိ သွေးပြန်ကြောများတောင် မြင်ရလုနီးနီး ဖြစ်လေသည်။ ထို့ပြင် သူမ၏လက်ဖမိုးသည် အသားများနှင့် ပြည့်နှက်နေပြီး သူမအဖေ၏လက်ဖဝါးများလောက် မကြီးမားပေ။ဟော်ဆွေ့ချန်းသည် သူမဗိုက်ကို ပွတ်ပေးရင်း ရုတ်တရက် ကျီစယ်လိုသည့်သဘောဖြင့် ပြုံးလိုက်သည်။ " Peppa Pig ကာတွန်းထဲက Peppa ကို မင်းလေး မှတ်မိလား "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.