Chapter 148: အလတ်တန်း (၂)

4.7K 707 4
                                    


Chapter 148: အလတ်တန်း (၂)

ည ၈ နာရီဝန်းကျင်လောက်မှ ပါတီစတင်သည်ဖြစ်သော်လည်း ကိုးနာရီမထိုးမီ အနည်းငယ်လောက်တွင် ဟော်ဆွေ့ချန်းသည် ပါတီမှ ထွက်ခွာခဲ့သည်..

ဝိုင်တစ်ခွက်နှင့် လုပေါ်ယန်သည် မူးနေပြီး အဖြူရောင်ဂါဝန်ရှည်နှင့် အမျိုးသမီးတစ်ဦးက သူ့လက်မောင်းကို ဖက်ထားလေသည်။ ထို့နောက် သူ ရယ်ရယ်မောမောဖြင့် " ဥက္ကဌဟော်၊ အစ်ကို ဘုန်းကြီးကျောင်း သွားပြီး ဘုန်းကြီးဝတ်လိုက်သင့်ပြီလို့ ကျွန်တော် ထင်တယ်နော် "

ဟော်ဆွေ့ချန်းက ဘာမှမပြောဘဲ သူ့လက်ကိုဝှေ့ယမ်းကာ မြင်ကွင်းမှ ထွက်ခွာသွားသည်။

" သခင်လေး၊ ကျွန်တော်တို့ ဟော်အိမ်တော် ပြန်သွားမှာလား "

ဟော်ဆွေ့ချန်းသည် ဝိုင်အနည်းငယ်သာ သောက်ထားသော်လည်း သူ့ခန္ဓာကိုယ်သည် ပူနေပြီး အနည်းငယ်မူးဝေနေသည်။

ကားပြတင်းပေါက်ကို အောက်ချလိုက်ပြီး သူ့လည်ပင်းက လည်စည်းကို ဆွဲကာ သူ့အင်္ကျီအပေါ်ဆုံးက ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး အေးမြသော လေအေးများကို ဝင်ခွင့်ပြုလိုက်တာကြောင့် သူ့ကို နေလို့ ပိုကောင်းလာစေသည်။

" ဖြည်းဖြည်းမောင်း "

" ဟုတ်ကဲ့၊ သခင်လေး "

ဟော်ဆွေ့ချန်းသည် နောက်ကို ပျင်းရိစွာ မှီကာ ဖြတ်သွားသော လမ်းမီးများကို ကြည့်ရင်း ဒီနေ့ ရှောင်းရှောင်းကို ကျောင်းသွားကြိုချိန်က စာသင်ခန်းရှေ့တွင် ကျိဝမ်ရှင်းနှင့် တွေ့ခဲ့ပုံကို ပြန်စဥ်းစားနေမိသည်။

ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျိဝမ်ရှင်းက ရှောင်းရှောင်း ထိုသူငယ်တန်းကျောင်းတွင် တက်နေသည်ကို သိသွားပြီဖြစ်တာကြောင့် သူတို့နှစ်ယောက်က အနာဂတ်တွင် မလွဲမသွေ ဆက်ပြီးတွေ့ဆုံကြလိမ့်မယ်ပင်။

လူတွေတွင် တစ်ကိုယ်ကောင်းဆန်မှု ကိုယ်စီရှိကြသည်၊ အထူးသဖြင့် ဟော်ဆွေ့ချန်းတွင်ပင်။ အဖေတစ်ယောက်အနေဖြင့် ကျိဝမ်ရှင်းနှင့် ဟော်ရှောင်းရှောင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်တွေ့နေတာကို မလိုချင်ပေ။ သူတို့၏တွေ့ဆုံမှုတွေကို ကန့်သတ်ထားတာကတောင် လုံလောက်နေပြီဖြစ်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now