Chapter 39: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၂)

6.6K 1K 19
                                    

Chapter 39: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၂)

အိပ်မက်က အမှန်ပင်ဖြစ်၏။ ဖေဖေသည် ဤကဲ့သို့သော ဆိုးရွားသည့်လူစားပင်။

ယနေ့တွင် ကလေးများကို အနိုင်ကျင့်တတ်ခြင်း၊ မနက်ဖြန်တိုင်းတွင် လုပ်ချင်ရာလုပ်တတ်ခြင်း၊ သဘက်ခါများတွင်တော့ အခြားလူများအသက်ကိုသတ်ကာ သူတို့ကို မီးရှို့ပစ်မည်သာဖြစ်သည်။ တော်တော့်ကို ရက်စက်တတ်တာပဲ။

ကိုယ်ကိုကိုယ် ဘာဖြစ်နေမှန်း သိတဲ့စိတ်တောင် ပျောက်ဆုံးသွားသောအခါ သူမလုပ်ရဲသည့်အရာ ဘာမှမရှိတော့ချေ။

ဟော်ရှောင်းရှောင်းသည် သူမမျက်နှာပေါ်ရှိ အဝတ်များကို ဆွဲဖယ်ပစ်လိုက်ပြီး စိတ်ဓာတ်ကျကာ ဟော်ဆွေ့ချန်းကိုသာ ငေးကြည့်နေမိသည်။

ဟော်ဆွေ့ချန်းသည် နောက်ဆုံးတော့ သူမကိုကြမ်းပြင်မှ ကောက်ချီလိုက်ကာ အိပ်ရာပေါ်သို့ ​တင်လိုက်သည်။

ဟော်ရှောင်းရှောင်းတစ်ယောက် လေးလေးလေးနက်နက်ကြည့်ကာ ပြောလိုက်၏။ " ဟွန့်!! ဖေဖေသမီးကို ရယ်နေတယ်! "

" ရှောင်းလေး အဖေကအဲ့လိုမရည်ရွယ်ပါဘူးကွာ. . . မင်းကိုအ၀တ်စားလဲပေးဖို့ အန်တီကျိုးကို ပြောလိုက်မယ် "

ဟော်ရှောင်းရှောင်းသည် ထိုသူ့ရှပ်အင်္ကျီ၏ ထောင့်စွန်းကို ဆုပ်ကိုင်လိုက်ပြီး သူမ၏အဝတ်များကို သူ့လက်ထဲသို့ထည့်ပစ်လိုက်၏။  " ဖေဖေ သမီးကိုဝတ်ပေးလေ!"

" ကိုယ်ပါ့ကိုယ်ဝတ်ပါလားကွာ. . . အသက်ကပဲ ဘယ်လောက်ရှိနေပြီလဲ??? အ၀တ်အစားဝတ်တာလို လွယ်လွယ်ကူကူကိစ္စလေးကို မင်းလေးကိုကူညီဖို့ တစ်စုံတစ်ယောက်လိုသေးလို့လား "

ဟော်ရှောင်းရှောင်း မျက်မှောင်လေး ကျုံ့ကာပြောလိုက်၏။  “ သမီးက အခုထိကလေးပဲ ရှိသေးတယ်!!”

“ ကလေးဆိုတာမျိုးလေးတွေက ကိုယ့်ပါ့ကိုယ် ဝတ်စားဆင်ယင်တတ်သင့်တယ် ”

သူတို့နှစ်ဦးသားသည် ခဏတာမျှ အတိုက်အခံပြုလုပ်နေခဲ့ကြသည်။ဟော်ရှောင်းရှောင်းသည် အေးအေးဆေးဆေးဖြင့် နှာမှုတ်လိုက်ပြီး သူမ၏အဝတ်အစားများကိုကိုင်ကာ အိပ်ယာထဲမှ ထထွက်တော့သည်။  “ အဘိုးကို သွားရှာမယ် ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now