Chapter 41: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၄)
ဟော်ဆွေ့ချန်းက ကြင်နာစွာဖြင့်ပင် ဆိုဖာပေါ်တွင် ထိုင်ရန် ပြောလိုက်သေးသည်။ “ ဒီနေ့ဘုတ်အစည်းအဝေးကို ဒုဥက္ကဌကျိုး တင်ပြခဲ့တာ ကျွန်တော်မှတ်မိပါသေးတယ်...အစည်းအဝေးက ဘာလို့မစသေးတာလဲ...ဒုဥက္ကဌကျိုးက ကျွန်တော့်ကို အလျင်အမြန်လာကြည့်တာပဲ...ဘာကိစ္စများရှိလို့ပါလဲ ”
ဒုဥက္ကဌကျိုး၏ အသားအရေအရောင်သည် သိသာစွာပြောင်းလဲသွားသည်။
" ငါတို့ဟော်အုပ်စုရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားစျေးကွက်ရှာဖွေရေးက မလိုအပ်လို့ ဒါရိုက်တာတွေနဲ့ သဘောတူအစည်းအဝေး ဒီနေ့ခေါ်ခဲ့တာ။ ငါတို့ရဲ့ ငွေကြေးနဲ့ အရင်းအမြစ်အားလုံးကို ပြည်တွင်းဈေးကွက်တွေမှာပဲ ရင်းနှီးမြှုပ်နှံသင့်တယ်။ ပြည်ပဈေးကွက်မှာက ကြီးမားတဲ့အန္တရာယ်တွေရှိတယ်လေ။ မင်းတို့လို လူငယ်တွေအတွက်တော့ ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ငါတို့လူကြီးတွေကိုတော့ မင်းတို့နဲ့အတူ စွန့်စားခွင့်မပြုနိုင်ဘူး "
" ကျွန်တော် နိုင်ငံခြားစျေးကွက်အတွက် ခန့်မှန်းခြေမိတ္တူတွေကို သတင်းအချက်အလက်တွေနဲ့အတူ ဒါရိုက်တာတွေဆီကို ပို့ပေးပြီးသွားပြီ။ သူတို့သတင်းအချက်အလက်တွေကိုဖတ်ပြီး အမြင်တွေကို ပြန်လည်ဆန်းစစ်ကြပါလိမ့်မယ်။ ဒုဥက္ကဌကျိုးက လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး မှန်ကန်ပေမယ့်လည်း အရာအားလုံးအပေါ်တော့ မူတည်တာမဟုတ်ပါဘူး။ ဒုဥက္ကဌကျိုး ဒါရိုက်တာဘုတ်အဖွဲ့ရှေ့မှာ နှစ်ကြိမ်လောက်ပြန်စဉ်းစားလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ "
စကားပြောပြီးသည့်နောက် ဟော်ဆွေ့ချန်းသည် မတ်တပ်ထရပ်လိုက်ကာ “ ဟုတ်သားပဲ။ ဒုဥက္ကဌကျိုး လွန်ခဲ့တဲ့တစ်လလောက်က ဇနီးနဲ့သားကို နိုင်ငံခြားကိုပို့ခဲ့တယ်လို့ ကြားလိုက်သေးတယ်”
ဒုဥက္ကဌကျိုးသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်လေသည်။ သူဒီကိုလာရသည်မှာ ဤအတွက်ကြောင့်ပင်ဖြစ်၏။
" ဒါပေမယ့် ဒုဥက္ကဌကျိုးရဲ့သားက တော်တော်မစဥ်းစားတတ်ဘူးလို့ ကြားသေးတယ်။ နိုင်ငံခြားမှာ ကားမောင်းနေရင်း လူကိုတိုက်မိတာဆို. . . အခုသူက ရဲစခန်းမှာ ဖမ်းခံထားရတယ်မလား?? "
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.