Chapter 128: မထင်မှတ်သော တွေ့ဆုံမှု (၅)

4.7K 754 14
                                    


Chapter 128: မထင်မှတ်သော တွေ့ဆုံမှု (၅)

အန်တီကျိုးက သူ့ရှေ့ရှိ ကလေးကို လက်ဆွဲထားသော အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။ " တဆိတ်လောက်၊ ရှင့်သမီး အဆင်ပြေရဲ့လား "

" ရှင်က ဒီကလေးတွေရဲ့... "

" ကျွန်မက သူတို့လေးတွေကို စောင့်ရှောက်ပေးရတဲ့ အန်တီပါ "

ထိုအမျိုးသမီးက စိတ်မချမ်းမြေ့ပုံနှင့် ပြောလာသည် " သူတို့က ဆိုးလွန်းတယ်။ ဒီမှာ လူတွေအများကြီးနဲ့ ပတ်ပြေးတာက အန္တရာယ်များတယ်ရှင့် "

" ဘာဖြစ်နေတာလဲ " ထိုအချိန်မှာ အသံသြသြတစ်သံက ထွက်လာသည်။ ဟော်ဆွေ့ချန်းက အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့သည်။ ကျိဝမ်ရှင်းက ကလေးတစ်ယောက်ကို ကိုင်ထားတာကို မြင်လိုက်ရစဥ် သူ့မျက်လုံးတွေက အနည်းငယ်အေးစက်လာ၏။

အန်တီကျိုးက အမြန်ရှင်းပြလေသည်။ " ရှောင်းရှောင်းက ဒီကလေးမလေးကို မတော်တဆ တိုက်မိသွားလို့ "

ဟော်ဆွေ့ချန်းက ဟော်ရှောင်းရှောင်းကို ကြည့်လိုက်သည်။ " သမီး တောင်းပန်ပြီးပြီလား "

ဟော်ရှောင်းရှောင်း ခေါင်းငြိမ့်ပြလိုက်၏။ " တောင်းပန်ပြီးပြီ "

" ဒါဆို သွားကြစို့ " သူသည် ကျိဝမ်ရှင်းကိုတောင် မကြည့်ဘဲ သူမဘေးမှ ဖြတ်သန်းသွားကာ ဟော်ရှောင်းရှောင်းဆီ လျှောက်သွားသည်။ ဟော်ဆွေ့ချန်းက သူမကို ကောက်ချီလိုက်ပြီး " ထိခိုက်မိသွားသေးလား "

ဟော်ရှောင်းရှောင်းက သူမ၏နဖူးလေးကို အုပ်ထားရင်း သူမ၏မျက်နှာလေးက ရှုံ့တွနေသည်။ " ခေါင်းကို တိုက်မိသွားတယ် "

" အခုကစပြီး လူထူထပ်တဲ့နေရာတွေမှာ မပြေးရတော့ဘူးနော် "

" ဟုတ်ကဲ့ "

သူမနောက်က တိုက်မိသွားတဲ့ ကလေးမလေးက အခုထိ ငိုနေတုန်းပင်။

ဟော်ရှောင်းရှောင်းတစ်ယောက် ဟော်ဆွေ့ချန်း၏ပခုံးပေါ်မှ ကြည့်လိုက်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် ထိုကလေးကို ကိုင်ထားတဲ့အမျိုးသမီးကို သူမ တွေ့လိုက်ချိန်တွင် သူမရဲ့စိတ်ထဲ ရှင်းမပြနိုင်တဲ့ခံစားချက်တစ်ခု အမြဲရှိနေခဲ့သည်။ အရင်က သူမကို တစ်နေရာရာမှာ မြင်ဖူးသလို ရင်းနှီးတဲ့ခံစားချက်တစ်ခုပင်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now