Chapter 76: ဗီလိန်ဖေဖေ (၂)
ဟော်ဆွေ့ချန်း တိတ်ဆိတ်နေသည်။
" ပြီးတော့ ရှောင်းရှောင်းရဲ့ မူကြိုကျောင်းပြဿနာကို မမေ့နဲ့...အဲ့ဒါကို မင်းခေါင်းထဲမှာ ထည့်ထား "
ရှောင်းရှောင်းအကြောင်းပြောချိန်တွင် ဟော်ဆွေ့ချန်း၏မျက်ခုံးများသည် အနည်းငယ် တန်းသွားသည်။ " ဒီက မူကြိုကျောင်းအတော်များများရဲ့အချက်အလက်တွေကို ကျွန်တော် စုဆောင်းပြီးပြီ...အဆင်ပြေရင် နောက်နှစ်ရက်လောက်ဆို ကျွန်တော် ကျောင်းနှစ်ကျောင်း ရွေးပြီး အဖေ့ကို ပြမယ် "
ဟော်သခင်ကြီး အလေးအနက် ပြောသည်။ " မင်း ဒါကို ကြိုးစားလုပ်နေတော့ ငါ စိတ်သက်သာရာရသွားတယ်၊ ဒါပေမယ့် ရှောင်းရှောင်းကို ကြိုပြောထားရမယ်...ကလေးက မသွားချင်ရင်ကော "
ဟော်ဆွေ့ချန်းသည် သိသိသာသာပင် ဒီကိစ္စကို အလေးအနက်မထားပေ။ " ကလေးတွေက ပထမဆုံးဆို မူကြိုကို သွားဖို့ ဆန္ဒမရှိကြပေမယ့် နောက်ကျရင် သူတို့ အသားကျသွားလိမ့်မယ်လို့ ယီယန် ပြောတယ် "
" ဒါဆို ငါ ဒီကိစ္စကို ဂရုမစိုက်တော့ဘူး...ရှောင်းရှောင်းနဲ့ စကားပြောပြီး မင်းကိုယ်တိုင် ဖြေရှင်းလိုက် "
ဟော်ဆွေ့ချန်း သူ့မျက်လုံးများကို လှန်ကြည့်လိုက်သည်။
ဟော်သခင်ကြီးကို အံ့သြသွားစေသည်။ " မင်း ငါ့ကို ဘာလို့လာကြည့်နေတာလဲ "
" ရှောင်းရှောင်းရဲ့ကိစ္စတွေကို အဖေကိုယ်တိုင် အမြဲတမ်း ဂရုစိုက်နေကြလေ "
" ငါ ဒီလိုမျိုးကိစ္စတွေမှာ မကျွမ်းကျင်ဘူး " ထို့နောက် သူ နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်သည်။ " ငါက မကြာသေးခင်က ကျန်းမာရေးမကောင်းတဲ့အပြင် အင်အားလည်း မရှိဘူး...အဲ့ဒါကြောင့် ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်မယ် "
ဟော်ဆွေ့ချန်း သိသိသာသာကို သံသယဖြစ်နေသည်။
ကိုးနာရီ မထိုးသေးသောကြောင့် ဟော်ရှောင်းရှောင်းလည်း မအိပ်သေးပေ။ သူမ ရေမိုးချိုး အဝတ်လဲပြီးသည်နှင့် အန်တီကျောက်နှင့် စကားပြောနေခဲ့သည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.