Chapter 38: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၁)

6.7K 968 7
                                    

Chapter 38: ဖေဖေက ဘိုးဘိုးကို ချစ်တယ် (၁)

ညနေတွင် ဟော်ရှောင်းရှောင်း ဟော်ဆွေ့ချန်းအကြောင်း အိပ်မက်တစ်ခု မက်ခဲ့သည်။

ထိုထဲတွင် သူမက ဟော်ဆွေ့ချန်းနှင့် အလွန်ဝေးကွာနေသောကြောင့် သူ့မျက်နှာသည် အနည်းငယ် ဝိုးတိုးဝါးတားဖြစ်နေသည်။

သူမ၏ဖခင်သည် ထိုင်ခုံပေါ်တွင် မှီလျက် စိတ်ကြီးဝင်စွာ ထိုင်နေသည်ကို သူမ တွေ့လိုက်သည်။ သူ့ရှေ့ရှိ ဝတ်စုံပြည့်နှင့် သက်တော်စောင့်နှစ်ယောက်သည် ကြမ်းပြင်ပေါ်မှ တောင်းပန်နေသည့် သူအား ဖိအားပေးနေကြသည်။

သူ ပြောနေသည့်အရာကို သူမ မကြားရသောကြောင့် ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် ဟော်ဆွေ့ချန်း၏မျက်နှာသည် သူမရှေ့တွင် ရှိသည့်ပုံစံနှင့် ကွဲပြားနေသည်ကို သူမ တွေ့လိုက်ရသည်။ သူသည် တီဗွီဇာတ်လမ်းများထဲမှ ဗီလိန်များကဲ့သို့ အထက်စီးဆန်နေခဲ့သည်။

ဟော်ဆွေ့ချန်း အမှားတစ်ခုခု လုပ်နေသည်ကို သဘောပေါက်ကာ ဟော်ရှောင်းရှောင်း အော်လိုက်သည် “ ဖေဖေ… ”

သို့သော်လည်း ဟော်ဆွေ့ချန်းက သူမအော်သံကို မကြားခဲ့ပေ။ သူက သက်တော်စောင့်နှစ်ဦးအား မသိသည့် အရာတစ်ခုကို ပြောနေခဲ့သည်။ ကြိုးဖြင့် ဆွဲထားပြီး စိတ်ဆင်းရဲနေသည့်သူအား ရိုက်နှက်ပြီးနောက် သူတို့က ထိုလူအား ဆွဲယူကာ ထောင့်သို့ အတင်းအကျပ်ပို့လိုက်သည်။

ဟော်ဆွေ့ချန်းသည် ထရပ်လိုက်ပြီး မီးခြစ်ကို ထုတ်ကာ စီးကရက်အား တိတ်ဆိတ်စွာ မီးညှိလိုက်သည်။ သူက ထိုလူအား ကြည့်ပြီး မီးခြစ်အား ပစ်လိုက်သည်။

အခန်းသည် ရှုပ်ထွေးပြီး စာရွက်စာတမ်းများဖြင့် ပြည့်နေသောကြောင့် မီးတောက်နှင့် တွေ့သည့်အချိန်မှာတော့ အလျင်အမြန် မီးလောင်သွားတော့သည်။

မီးသည် မျက်နှာကျက်ဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ နီရဲနေသည့် မီးကြီးထဲတွင် ဟော်ဆွေ့ချန်းသည် ထိုသူ၏ကော်လံကို ကိုင်ကာ မီးအရင်းအမြစ်ဆီသို့ အတင်းခေါ်ဆောင်သွားသည်ကို သူမ မြင်လိုက်ရသည်။ သူ လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူသည် မီးတွင်းထဲသို့တွန်းချခံရလိမ့်မည်ဖြစ်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now