Chapter 49: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၃)

6.2K 1K 44
                                    

Chapter 49: ကိုယ့်ပစ္စည်းတွေ ပြန်ယူတာကို ခိုးတယ်လို့ သတ်မှတ်နိုင်လား(၃)

" အိတ်? ဘာအိတ်လဲ" ဟု ဟော်သခင်ကြီးသည် ဟော်ဆွေ့ချန်းကိုကြည့်ကာ မေးခဲ့သည်။ " ဘာတွေ ဖြစ်ထားတာလဲ?"

ဟော်ဆွေ့ချန်းသည် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်မိသည်။

ဤကလေးမလေး သေးသေးလေးသည် ကောင်းစွာလေ့လာသင်ယူနိုင်ပေသည်။ သူမညည်းညူနေခဲ့သည့်အတိုင်း သူမကြိုတင်စီစဉ်ထားခြင်းပင်။

" ဘာမှသိပ်အရေးတကြီးမဟုတ်ပါဘူး ကလေးကငယ်သေးတယ်လို့ ထင်လို့ပါ. . . အဲဒီ့ဟာတွေကို ကိုင်ထားတာက သူ့အတွက်လုံခြုံမှုမရှိမှာစိုးလို့ "

ဟော်သခင်ပြီးက ဟော်ဆွေ့ချန်းကို သဘောမတူစွာကြည့်ခဲ့သည်။ " ဘာလို့အိမ်မှာမလုံခြုံရတာလဲ။ ကလေးရဲ့ ပစ္စည်းတွေနဲ့ မင်းဘာလုပ်ချင်နေတာလဲ "

" ဘိုးဘိုး. . . လိုချင်တယ်. . . သမီးအိတ် ပြန်လိုချင်တယ်!"

" အင်းပါ မငိုနဲ့ မငိုနဲ့တော့ "

သူသည် ဟော်ဆွေ့ချန်း၏ အမူအယာကို လှမ်းကြည့်မိသည်။

" ဒါပေမယ့်..."

" ကလေးက အရမ်းငယ်သေးပြီး ဒါတွေကို သုံးနိုင်သေးတာလည်း မဟုတ်ဘူးလေ. . . ကလေးကို ပြန်ပေးလိုက်စမ်းပါ. . . အကယ်၍မင်းက အဲ့ဒါမျိုးတွေသဘောကျနေရင်လည်း မင်းအတွက်ငါတစ်စုံပြင်ဆင်ထားပေးမယ် "

ဟော်ဆွေ့ချန်းတစ်ယောက် ပြောစရာစကားမဲ့သွားသည်။ သူ့ပုံစံက ကလေးတစ်ယောက်ကိုမနာလိုဖြစ်နေတဲ့ပုံစံလား???

" အိုကေ သူ့ပစ္စည်းတွေကို နောက်မှပြန်ပေးလိုက်မယ် "

ဟော်ရှောင်းရှောင်းသည် သူမအဖိုး ဟော်ဆွေ့ချန်းအား မယှဉ်နိုင်တော့မှာကို သူမကြောက်ရွံ့ကာ မစောင့်နိုင်တော့ပေ။

" မဟုတ်ဘူး!! အခုလိုချင်တာ!!! "

" .. " ဟော်ဆွေ့ချန်းသည် အကူအညီမဲ့သွားပြီး၊ သူ၏အသားချောင်းကိုချကာ အပေါ်ထပ်သို့ တက်သွားတော့သည်။ထို့နောက်တွင်တော့ ထိုအိတ်လေးကို သူ့ကလေးဆီသို့ပြန်ပေးလိုက်တော့သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now