Chapter 6: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာနေပေးလို့ရမလား (၂)

8.3K 1K 22
                                    


Chapter 6: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့   သူသာမန်ကာလျှံကာ နေပေးလို့ရမလား (၂)

ဝါးးး ဝါးးး

ဟော်ဆွေ့ချန်းရဲ့အသံက သူမခေါင်းပေါ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ " ဒီလိုမျိုး ငိုနေတာက မင်းရဲ့ဦးလေးအတွက် အသနားခံနေတာလား..." ဟော်ရှောင်းရှောင်းရဲ့ကမ္ဘာတုန်လောက်သည့် ငိုကြွေးမှုသည် ခဏလောက် ရပ်သွားခဲ့သည်။ ထို့နောက်မှာတော့ တစ်ဆင့်တိုးပြီးတောင် ငိုနေတာကြောင့် ငိုရတာ ခက်ခဲလာတော့သည်။

" မင်းက မကောင်းတဲ့လူကို ကာကွယ်ပေးနေတာပဲ... " ဟော်ဆွေ့ချန်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သေးငယ်ပြီး ဖြူဖွေးနေသည့် ပါးလေးကို ညစ်လိုက်သည်။ သူ့ရဲ့ကျယ်ပြန့်ပြီး ထူထဲသည့် လက်ဖဝါးသည် အတော်လေးကို ကြမ်းတမ်းပြီး မာကျောနေသည့် အသားမာများသည် ဟော်ရှောင်းရှောင်း၏ပါးလေးကို နာကျင်စေသည်။

အား အား အား

ဟော်ရှောင်းရှောင်းလည်း သူမခေါင်းလေးကို အနောက်ကို ကျုံ့လိုက်ပြီး အဝတ်ထဲတွင် ပုန်းနေလိုက်သည်။

ဟော်ဆွေ့ချန်းလည်း သူရဲ့အားကို လျော့လိုက်ပြီး သူ့အသံနဲ့ဒေါသကို ထိန်းချုပ်ရင်း ဟော်ရှောင်းရှောင်းရဲ့ ပါးလေးကို နူးညံ့ညင်သာစွာ ပွတ်သပ်နေလေသည်။ " မငိုနဲ့..."

ဒီအခြေအနေမျိုးမှာ ကလေးတစ်ယောက်က သူ ပြောတာကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ ဟော်ရှောင်းရှောင်းကတော့ သူ ပြောတာကို ဂရုမစိုက်ဘဲ သူမရဲ့အာခေါင်ဝကနေ ဆက်အော်ဖို့သာ ကြိုးစားနေခဲ့သည်။

" ရယ်ပြရင် သူ့ကို လွှတ်ပေးလိုက်မယ်.. "

"?"

သူက သူမကို တကယ်ကြီး စကားပြောနေတာလား... သုံးလအရွယ်ကလေးကို ပြုံးခိုင်းနေတာလား...

ကလေးတစ်ယောက်ကတောင် ရှင့်ကို နားလည်နိုင်ပါ့မလား...

သူက ကျီရှုယန်ရဲ့ခြေထောက်တွေကို ချိုးချင်နေတာပဲဖြစ်သည်။​

ကံကောင်းထောက်မစွာ ဤခန္ဓာကိုယ်သို့သူမ ကူးပြောင်းလာခဲ့သည်။ မဟုတ်ပါက ကျီရှုယန်၏ခြေထောက် ပျက်စီးသွားလိမ့်မည်မှာ ဧကန်ပင်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now