Chapter 29: သန့်စင်ခန်းအတွင်းမှ ရုန်းကန်ရမှု (၁)

7.3K 1K 57
                                    

Chapter 29: သန့်စင်ခန်းအတွင်းမှ ရုန်းကန်ရမှု (၁)

ကလေးတစ်ယောက် နို့စို့နေသည့် အသံသည် အခန်းတစ်ခုလုံးကို ပို၍ တိတ်ဆိတ်သွားစေသည်။

သီးသန့်ခန်းထဲတွင် ဟော်ဆွေ့ချန်း အပါအ၀င် လူလေးယောက် ရှိကာ ဟော်ရှောင်းရှောင်းက သူတို့ဘယ်သူလဲဆိုတာကို ကောင်းကောင်းသိလေသည်။

သူမအား ဖေဖေကို ချစ်လား ဖိုးဖိုးကို ချစ်လားဟု မေးခဲ့သည့်လူမှာ လုပေါ်ယန်ဖြစ်သည်။ သူသည်လွန်ခဲ့သော ၁၀ နှစ်က လုမိသားစုက အသိအမှတ်ပြုခဲ့သည့် လုမိသားစု၏တရားမဝင်ကလေးတစ်ယောက်ဖြစ်သည်။ သူသည် ချစ်စရာကောင်းသည့် ယောက်ျားလေးတစ်ဦးဖြစ်ပြီး အမျိုးသမီးများနှင့် တစ်နေကုန် ကစားနေခဲ့သည်။

လွန်ခဲ့သောသုံးနှစ်က လုမိသားစု၏အကြီးအကဲကွယ်လွန်သွားပြီးနောက် တရားဝင်သားနှစ်ဦးက မိသားစုပိုင်ဆိုင်မှုကို တိုက်ခိုက်ခဲ့ကြသည်။ ဘေးထွက်ထိုင်နေသည့် လုပေါ်ယန်ကတော့ ကျားတွေတိုက်ခိုက်နေသည်ကို စောင့်ကြည့်ပြီး ထိုအရာကို အမြတ်ထုတ်နေသည့် မုဆိုးတစ်ကောင်လိုပင်။

သူ့အသွင်အပြင်သည် ရိုးရှင်းပုံပေါ်သော်လည်း လုပေါ်ယန်သည် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်ပေ။ သူ၏စရိုက်သည် ဂရုမစိုက်တတ်သော်လည်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လုအုပ်စုသည် တစ်ခါမှ ထိုးမကျခဲ့ပေ။ သူသည် ထိုနေရာတွင် ကြောင့်ကြမဲ့စွာ ထိုင်နေသောကြောင့် ပေါ့ပျက်ပျက်နှင့် ဆေးဆေးပုံပေါ်နေလေသည်။ သို့သော်လည်း သူ့စိတ်ထဲတွင် မကောင်းသည့် အကြံအစည် မည်မျှပင်ရှိမလဲကိုတော့ ဟော်ရှောင်းရှောင်း မပြောနိုင်ပေ။

သူမအသက်ကို မေးသည့်လူမှာ ကျန်းမိသားစု၏အကြီးဆုံးသား ကျန်းကျီဖြစ်သည်။ သူ အသက် ၂၅ နှစ်တွင် ကားမတော်တဆမှုကြောင့် သူ့ခန္ဓာကိုယ် အကြောသေသွားခဲ့သည်။ ထို့ကြောင့် ကျန်းမိသားစု၏တတိယသားက ကုမ္ပဏီကို လွှဲပြောင်းယူလိုက်သည်။ ရလဒ်ကတော့ ရှုပ်ထွေးလေသည်။ သူ့ကုမ္ပဏီသည် ဒေဝါလီခံရရုံသာမက ကျန်းအုပ်စုသည်လည်း ပျက်စီးလုနီးနီးပင်ဖြစ်နေပြီဖြစ်သည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now