Chapter 59: သူမရဲ့ လက်စားချေမှု (၃)
ဟော်ရှောင်းရှောင်းသည် တိတ်ဆိတ်စွာလမ်းလျှောက်သွားပြီး “ ဖေဖေ” ဟူ၍ ထပ်မံအော်ခေါ်ခဲ့သည်။
' အိပ်ပျော်နေပြီလား? '
သတ္တိအပြည့်နှင့် ဟော်ရှောင်းရှောင်းသည် ရုတ်တရက်စိတ်လှုပ်ရှားလာသည်။ သူမသည် သူမ၏လက်မှကြိုးကို ဟော်ဆွေ့ချန်း၏ဘယ်ဘက်ခြေထောက်တွင် ချည်ထားလိုက်၏။ ထို့နောက် သူမသည် ထိုသူ၏လက်ထဲမှကြိုးကို ဖယ်ထုတ်လိုက်ပြီး ညာဘက်ခြေထောက်သို့ ချည်ထားခဲ့သည်။ ကြိုးအရှည်မှာ ရှည်လျားလွန်းသည့်အတွက် ထိုသူ၏ခြေထောက်များကို ချည်နှောင်နိုင်ရန် အကြိမ်ပေါင်းများ ပတ်ရပေသည်။
' သမီးကို ခွေးလည်ပတ်ကြိုးနဲ့ ကိုင်ခဲ့တာလေ! '
သူမသည် ဂေါ်ပြားလေးတစ်ချောင်းကိုင်ပြီး သဲတွေအားလုံးကို အစွမ်းကုန်ကော်ထည့်လိုက်သည်။
ဟော်ဆွေ့ချန်းအား မြေမြှုပ်ပစ်လိုက်ချင်၏။
' သမီး အဖေ့ကိုသဲထဲမြှုပ်ပြီးသွားရင်ကော အဖေ သမီးကိုဘယ်လိုအနိုင်ကျင့်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်!'
ပလတ်စတစ်ပုံးတစ်ပုံးလုံးအပြည့် သဲများဖြည့်လေတော့သည်။ ဟော်ရှောင်းရှောင်းသည် အင်အားအကုန်လုံးကိုသုံး၍ ဟော်ဆွေ့ချန်းဘေးနားသို့ ထိုပုံးလေးအား ဆွဲယူလာသည်။ သူမသည် ထို့နောက် သူ၏ခြေရင်း၌ သဲများကို သွန်ချလေတော့၏။
အပြီးသတ်တွင်တော့ သူမသည် ဟော်ဆွေ့ချန်း၏ခြေထောက်နားတွင် သေးငယ်သည့်တောင်လေးတစ်လုံးကဲ့သို့ စုပုံနေသည့်သဲများကို ကြည့်လိုက်မိသည်။ ရုတ်တရက် ဟော်ရှောင်းရှောင်းသည် မိမိကိုယ်ကိုရိုက်နှက်ပစ်ရန် မစောင့်နိုင်တော့ပေ။
ဤရိုးရိုးရှင်းရှင်းခန္ဓာကိုယ်လေးသည် သူမ၏ဉာဏ်ရည်ကို ကန့်သတ်ထားခဲ့သည်။
သဲများနှင့်ပြည့်နှက်နေသော ကမ်းခြေတစ်ခုအနေဖြင့် ၃ မီတာအကွာအဝေးမှ သဲများကို သူမရွေ့ယူရရန် လိုအပ်လို့လားလို့လေ!!
သူမ ဦးနှောက်လေးက ဘာဖြစ်နေတာလဲ??
ဟော်ရှောင်းရှောင်းသည် သူမကိုယ်သူမ နှောင့်နှေးနေသည်ဟု ခံစားရသည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.