Chapter 13: မသေခင်လေး (၁)
ဟော်ရှောင်းရှောင်း၏ဖျားနာမှုသည် ရုတ်တရက်မမျှော်လင့်ဘဲဖြစ်ခဲ့ပြီး မည်သူမျှ ကြိုတင်မသိနိုင်ခဲ့ပေ။ အစကတော့ ၎င်းက အဖျားလေးသာဖြစ်ပြီး သူမရဲ့ကလေးထိန်းနှင့် အစောင့်က စောင်က ပူလွန်းသောကြောင့်ဟုသာ ထင်ခဲ့သည်။ သို့သော်လည်း အပူချိန်သည် တဖြည်းဖြည်း ကျသွားရမည့်အစား မြင့်တက်လာခြင်းကြောင့် ၎င်းသည် လောင်ကျွမ်းနေသည်အထိပင် ရောက်သွားတော့သည်။
သူမကို လျင်မြန်စွာ ဆေးရုံကို ပို့လိုက်တော့သည်။ သူနာပြုက သူမရဲ့အပူချိန်ကို စစ်ဆေးကြည့်သည့်အခါ ၃၉ဒီဂရီတောင် ရှိနေခဲ့ပြီး နာရီပိုင်းအတွင်း တိုးလာခဲ့သည်။ သူမက အရေးပေါ်အဆင့်လို့ ဆေးရုံက ချက်ချင်းပဲ သတင်းထုတ်ပြန်လိုက်တော့သည်။
သခင်ကြီးဟော်လည်း ထိုသတိပေးချက်ကြောင့် နှလုံးဖောက်တော့မလိုပင် ဖြစ်သွားတော့သည်။
သို့သော်လည်း သူက တည်ငြိမ်ချင်ယောင်ဆောင်ပြီး ဟော်ဆွေ့ချန်းကို ဖုန်းခေါ်လိုက်သည်။ သူက အဖျားအကြောင်းကိုသာ ပြောပြခဲ့ပြီး အရေးပေါ်ဖျားနာမှုသတိပေးချက်ကိုတော့ မဖော်ပြခဲ့ပေ။
" လူကြီးမင်း မစိုးရိမ်ပါနဲ့ အဲ့မှာ ရှိနေတဲ့ ဆရာဝန်တွေအားလုံးက အလုပ်မှာ အတော်ဆုံးတွေပဲ... သခင်မလေး အဆင်ပြေမှာပါ "
လူအိုကြီးဟော်လည်း သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်လိုက်တော့သည်။ " ကလေးက အိမ်ကို ရောက်ကတည်းက အဖျားကြီးနေတာ...ဆရာဝန်တွေ သူမကို ကုပေးနေတာ အရမ်းကြာနေပြီ..."
ဟော်မိသားစုမျိုးရိုးက ဟော်ဆွေ့ချန်းလက်ထက်မှာ ပြတ်တောက်သွားလိမ့်မယ်လို့ လွန်ခဲ့တဲ့ငါးနှစ်က ရှေ့ဖြစ်ဟောသူ ပြောထားတာကို သူ သတိရသွားတော့သည်။ သူ့မြေးမလေးရဲ့အသက်ကိုပဲ ယူသွားဖို့ တကယ်လိုအပ်လို့လား...
" ဗေဒင်ဆရာ ပြောတာ မှန်တာလား...ငါ့မှာ တကယ်ပဲ မြေးတွေ ရဖို့ ကံမပါဘူးထင်တယ်... "
" ဗေဒင်ဆရာ ပြောတဲ့ အဓိပ္ပါယ်မရှိတာတွေကို ယုံမနေပါနဲ့...ဒီနေ့ သခင်မလေးကို ချီခဲ့ရတာပဲမလား...အဆင်ပြေမှာမို့လို့ စိတ်ချလို့ရပါတယ်.. "
အိမ်တော်ထိန်းကြီးရဲ့နှစ်သိမ့်မှုက အရေးကြီးသည့်အခန်းကဏ္ဍတွင် သိပ်မပါဝင်ခဲ့ပေ။ သခင်ကြီးဟော်က အသက်ကြီးသော်လည်း မုန်တိုင်းတွေနဲ့ လှိုင်းတွေကို အတွေ့အကြုံရှိပြီး သူ့နှလုံးသားက မှန်တချပ်လိုပဲ တောက်ပလေသည်။ သူက ဟော်ရှောင်းရှောင်းရဲ့အခုအခြေအနေကို ပြောနိုင်လေသည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.