Chapter 34: အရှက်မရှိတဲ့ ဖခင်(၂)
“ အဲ့ဒါက အဲ့နေရာမှ နှစ်ပေါင်း ၂၀လောက် ရှိနေပြီ...လွန်ခဲ့သည့် ငါးနှစ်ကသာ တည်ဆောက်ခဲ့မယ်ဆို ဟော်သခင်ကြီးက သူ့အမြတ်ကို နှစ်ဆတိုးရနေတော့မှာ ” လုပေါ်ယန်က သူ့အသံကို လျော့လိုက်သည် “ လုမင်တောင်မှာ တစ်ခုခုရှိတယ်လို့ ငါကြားခဲ့တယ်...အဲ့ဒါကို တူးဖို့ သူ လုံးဝမစဥ်းစားဘူးလား ”
ဟော်ဆွေ့ချန်းက မလှုပ်ရှားဘဲ “ မင်း ဘယ်သူ့ဆီက ကြားခဲ့တာလဲ ” ဟု မေးလိုက်သည်။
ကျန်းကျီက စကားစပြောခဲ့သည် “ လုမင်တောင်မှာ တစ်ခုခုရှိတာကို ဘယ်သူမှမသိဘူးလား...သူတို့ အလိုရှိရင်တောင် ဘယ်သူမှ အဲ့အရာကို မလုပ်နိုင်အောင် လူအိုကြီးက ဖုံးထားတာပဲ... အလေးအနက်ပြောရရင် ဒီနှစ်တွေမှာ ဒီတောင်က ဘယ်လောက်ခေတ်စားနေတယ်ဆိုတာ မင်း သိသင့်တယ်...မင်း စိတ်လှုပ်မရှားဘူးလား ”
ဟော်ဆွေ့ချန်းက ခဏလောက် အသံတိတ်သွားခဲ့သည်။
သူက သွေးဆောင်ခြင်း မခံရတာတော့ မဟုတ်ခဲ့ပေ။ သူ တစ်ခါက ရေကို စမ်းသပ်ခဲ့သော်လည်း လူအိုကြီးက သူ့ကို ဂရုမစိုက်ခဲ့ပေ။ သူကအမြတ်အစွန်းကို စိတ်မ၀င်စားပေ။
“ ဘာဖြစ်လို့လဲ ” ဟော်ဆွေ့ချန်း၏တိတ်ဆိတ်မှုကို မြင်လျှင် လုပေါ်ယန်က ပြုံးလိုက်သည် “ ဦးလေးဟော်ကလည်း ပြတ်သားတဲ့စီးပွားရေးသမားတစ်ယောက်ပဲ...သူက ဇီဇာမကြောင်သင့်ဘူးမလား ”
ဟော်ဆွေ့ချန်းက သူ့ခေါင်းကို ခါလိုက်သည် “ ဒါက မလွယ်ဘူး ”
“ ဒါကို တွေးကြည့်၊ ဒါက သာယာလှပတဲ့ မြေမဟုတ်ပါဘူး...အစိုးရကလည်း အဲ့ဒါကို ချဲ့ထွင်ဖို့ စိတ်ကူးရှိတယ်...အဲ့နေရာက အဲ့လိုကြီးမားတဲ့တောင်ကြီးကို လွှင့်ပစ်လိုက်တာက ဖြုန်းတီးတာပဲ ”
အသံလျော့သွားသည်နှင့်တစ်ပြိုင်နက် ဟော်ရှောင်းရှောင်းသည် တက်ဘလက်ကို ကိုင်ကာ ခန်းဆီးမှ လမ်းလျှောက်ထွက်လာပြီး ဟော်ဆွေ့ချန်းဆီသို့ တက်ဘလက်ကို ကမ်းပေးလိုက်သည် “ ဒါ မဲနေပြီ ”
သူမ ဆိုဖာပေါ်တွင် ကွေးရင်း ရှိုးများ ကြည့်နေသော်လည်း ဘက်ထရီ ကုန်သွားတော့သည်။ သူမ အားသွင်းကြိုး ရှာမတွေ့သောကြောင့် ဟော်ဆွေ့ချန်းကို အကူအညီတောင်းရန် လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.