Chapter 113: ချွဲအီတတ်ရမယ် (၂)

4.8K 747 26
                                    

Chapter 113: ချွဲအီတတ်ရမယ် (၂)

'ဖေဖေက ငါ့တောင်းပန်မှုကိုလက်မခံရင် ဘာလိုလုပ်မလဲ '

သူမကို မျက်စိစပါးမွှေးစူးနေတာ တော်တော်ကြာနေပြီဖြစ်တဲ့ သူမအဖေက ဒီအခွင့်အရေးကိုယူပြီး သူမကိုဆော်ပလော်တီးရင်ကော??

သူမ သာလုပ်သင့်လဲ??

သူမ ကြိုတင်စီစဉ်ရမယ်!

အဘိုးကို ရှာရမှာလား??

မဟုတ်ဘူး၊ ဒါက ရောဂါလက္ခဏာကိုသာမက အမြစ်ပါမကျန် ကုသပေးမှာ၊ အရင်းအမြစ်က သူမအဖေမှာရှိသည်။

ယီချန်းက " မင်းက တော်တော်ကောင်းကောင်းကို သရုပ်ဆောင်နိုင်တာပဲလေ "

ဒီတစ်ခါတော့ ဟော်ရှောင်းရှောင်းက  သူ့ကို မျက်လုံးပြူးလေးနဲ့ ကြည့်နေ၏။

" ငါ့အဖေ ငါ့ကိုရိုက်ပြီးတဲ့အချိန်ဆို ငါ့အမေက ငါ့အဖေကိုချွဲဖို့ ပြောတယ်၊ အ့ဆို သူငါ့ကိုမရိုက်တော့ဘူး၊ ဒါပေမယ့် အဲ့ဒါမျိုးက မင်းတို့မိန်းကလေးတွေနဲ့ ပိုလိုက်ဖက်မယ်ထင်တယ် "

ချွဲအီပြီး သရုပ်ဆောင်ရမယ်တဲ့လား??

ဟော်ရှောင်းရှောင်း၏စိတ်ထဲတွင်တော့ သူမသည် သူမခန္ဓာကိုယ်ကို တွန့်လိမ်နေကာ ဟော်ဆွေ့ချန်းခြေထောက်ကို ပွေ့ဖက်လိုက်ကာ သူမနှုတ်ခမ်းကို တမင်တကာ စူပြီး လည်ချောင်းထဲကအသံညှစ်ထုတ်ပြီး သူမအဖေ့ကို ခေါ်လိုက်သည်။ သူမတစ်ကိုယ်လုံးအနှံ့ ကြက်သီးမွှေးညှင်းများ တစ်ပြိုင်နက်တည်းထသွား၏။

လာနောက်နေတာလား?? သူမရဲ့ အရင်လုပ်ရပ်တွေ ပျက်စီးသွားပြီလား??

သူမသာ ယနေ့ ဟော်ဆွေ့ချန်းဆီ၌ အသတ်ခံရလျှင်တောင် ဘယ်သောအခါမှ ချွဲသည့်အပြုအမူမျိုး ပြုမူမည်မဟုတ်ချေ။

" အဲဒါကို စဥ်းတောင်မစဉ်းစားနဲ့! ငါအဖေ့ဆီသွားပြီး တောင်းပန်လိုက်မယ် "

ဟော်ရှောင်းရှောင်း ထရပ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

ယီချန်းလည်း အနည်းငယ်စိတ်ပူသွားပြီး သူနှင့်အတူလိုက်ပါလာသည်။

ဟော်ဆွေ့ချန်းနှင့် ဟော်သခင်ကြီးတို့သည် ဆိုဖာပေါ်တွင်ထိုင်နေကာ နေ့စဉ်ဘ၀အကြောင်းကို အေးအေးလူလူ စကားပြောနေကြသည်။ သူမအဖေက ညစာစားပွဲမှာ အများကြီးမစားဘူးလို့ သူမ ထင်မိတာကြောင့် ဟော်ရှောင်းရှောင်း ယီချန်းရဲ့ပါးစပ်ကိုအုပ်လိုက်ကာ မီးဖိုချောင်ထဲကို အမြန်ဆွဲခေါ်သွားလေသည်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora