Chapter 3 : ဗီလိန်နှင့် တွေ့ဆုံခြင်း (၃)

8K 1K 8
                                    

Chapter 3:ဗီလိန်နှင့် တွေ့ဆုံခြင်း (၃)

ဒါပေမယ့် သူမက ဘယ်သူမို့လို့လဲ။ သူမက သူမရွယ်တူတွေထက် တာထွက်မှာကတည်းက ၁၈နှစ်စာ ခြေလှမ်းသာနေတဲ့ ဟော်ရှောင်းရှောင်းပဲလေ။

တစ်လကြာပြီးတဲ့နောက်မှာ စကားပြောပြီး ရက်၁၀၀ကြာပြီးတဲ့ လမ်းစလျှောက်ပစ်မယ်။ အဲ့ဒါတွေရဲ့အစဖြစ်တဲ့ လေးဘက်ကုန်းဖို့ သူမ အရင်သင်ယူရမည်။ အသက်တစ်နှစ်မှာ သူမက နှစ် ၅၀၀၀ သက်တမ်းရှိတဲ့ ပထမဆုံးတရုတ်အက္ခရာကို နားလည်ရပေမည်။ အသက်နှစ်နှစ်မှာတော့ အပေါင်းအနုတ်အမြှောက်အစားကို ကျွမ်းကျင်နေရပေမည်။ အသက်သုံးနှစ်တွင်တော့ သူမ မူလတန်းကို ကျော်သွားလိမ့်မည်။ ရှစ်နှစ်တွင်တော့ အလယ်တန်းကျောင်းသို့ သွားလိမ့်မည်။ ဆယ်နှစ်တွင် အထက်တန်းကျောင်းကို သွားပြီး ဆယ့်သုံးနှစ်တွင်တော့ ချင်းဟွာပီကင်းတက္ကသိုလ်ကို သွားလိမ့်မည်။ ပြီးတော့သူမ ဘဝရဲ့အထွတ်အထိပ်ကို တက်လှမ်းမယ်။

ဟော်ရှောင်းရှောင်းက သူမအနာဂတ်ကို ရှင်းရှင်းလင်းလင်း အစီအစဥ်ချထားခဲ့သည်။

သူမ တွေးလေလေ သူမ ပိုပိုတက်ကြွလာတာကို ခံစားမိသည်။

သူမရဲ့ညာလက်နှင့်ညာခြေကို ဘယ်ဘက်ရောက်ရန် ရုန်းကန်နေသောကြောင့် သူမ ခုတင်အစွန်းသို့ ရောက်သွားခဲ့ပြီး သူမကိုယ်ကိုလှည့်ရန်ကြိုးစားနေပေသည်။ သို့သော် လည်း သူမရဲ့ညာခြေထောက်သည် တုန်ယင်နေသကဲ့သို့ ညာလက်သည် လေထဲတွင် တွဲလျောင်းကျနေပေသည်။ ခြေထောက်တိုတိုလက်တိုတိုလေးများသာရှိပြီး သူမရဲ့ခွန်အားမှာလည်း မလုံလောက်ပေ။ နောက်ဆုံးမှာတော့ သူမခန္ဓာကိုယ်ကို လှည့်ရန် ကျဆုံးခဲ့ပြီး သုန်မှုန်စွာဖြင့် ပြန်လှဲနေလိုက်တော့သည်။

"..."

အစမှာတော့ အရာအားလုံးက ခက်ခဲကြတာပဲ...တကယ့်ကို ခက်ခဲတယ်...

သူမ၏ဝိညာဥ်မှာ ၁၈နှစ် ရှိနေသော်လည်း ဒီမွေးကင်းစခန္ဓာကိုယ်ကိုတော့ မသယ်နိုင်သေးပေ။

မေ့လိုက်တော့... ဒါက ပထမနေ့ပဲ ရှိသေးတယ်။ သူမ ဒီခန္ဓာကိုယ်နဲ့ နေသားကျသွားလိမ့်မယ်။ အခုတော့ ရွယ်တူကလေးတွေနဲ့ပဲ အတူနေပြီး တိတ်ဆိတ်တဲ့ကလေးလေးတစ်ယောက်ပဲ လုပ်တော့မယ်။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now