Chapter 119 : အဖေတွေအားလုံး အတူတူပဲလား (၁)

5.2K 775 17
                                    

Chapter 119 : အဖေတွေအားလုံး အတူတူပဲလား (၁)

ဟော်ရှောင်းရှောင်း နိုးလာသောအခါ သူမအဖေအိပ်ရာပေါ်၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမဒီကို ဘယ်လိုလုပ်ရောက်လာခဲ့တယ်ဆိုတာကိုတော့ သူမလည်း မသိပေ။

" ရှောင်းရှောင်း နိုးပြီလား" အန်တီကျိုး သည် အခန်းအပြင်မှ လမ်းလျှောက်ဝင်လာခဲ့၏။ ရှုပ်ပွနေသောဆံပင်များဖြင့်နိုးလာသော ဟော်ရှောင်းရှောင်းတစ်ယောက် ကုတင်ပေါ်တွင်သမ်းဝေနေသည်ကို သူမ မြင်လိုက်ရသည်။

" သမီး ခဏလောက် အိပ်ချင်သေးတယ်"

အန်တီကျိုးက သူမမျက်နှာလေးကို ပွတ်လိုက်ပြီး ပြုံးပြလိုက်၏။ " မြန်မြန်ထတော့နော်၊ သခင်လေးက သမီးကို Ocean Park ကို ကစားဖိုခေါ်သွားမလိုတဲ့လေ "

"Ocean Park လား?" ဟော်ရှောင်းရှောင်း စိတ်လှုပ်ရှားသွားသည်။ အိပ်ချင်စိတ်လည်းပျောက်သွားပြီး အိပ်ယာပေါ်မှ ခုန်ထလိုက်၏။ " မြန်မြန်၊ အန်တီ. . . သမီးကို အဝတ်အစားလဲဖို ကူညီပေးပါနော်၊ Ocean Park ကို သွားကြစို "

" အပြင်ထွက်ပြီး ကစားရမယ်လို အသံကြားတာနဲ့ တစ်ခြားသူတွေထက် မြန်မြန်နိုးချင်နေပြီပေါ့?? "

" ဖေဖေ ဘယ်မှာလဲ??"

" သခင်လေးက အောက်ထပ်မှာစောင့်နေတယ်၊ ယီချန်းလည်း နိုးနေပြီ၊ သမီးတစ်ယောက်တည်း အိပ်နေသေးတာလေ "

" မြန်မြန်၊ မြန်မြန်၊ မြန်မြန်" ဟော်ရှောင်းရှောင်းသည် ထောင်မှလွတ်တော့မည်ဟူသည့် အတွေးနှင့်အတူ စိုးရိမ်တကြီး တိုက်တွန်းနေခဲ့သည်။ အဝတ်အစားလဲပြီး ရေမိုးချိုးဖိုတောင် မစောင့်နိုင်တော့ပေ။ စိတ်လှုပ်ရှားစွာဖြင့် အောက်ထပ်သို ပြေးဆင်းသွားခဲ့၏။ " မင်္ဂလာနံနက်ခင်းပါဘိုးဘိုး! မင်္ဂလာနံနက်ခင်းပါ ဖေဖေ! မင်္ဂလာနံနက်ခင်းပါ ယီချန်း! "

ယီချန်းလည်း စောစောနိုးလာသည်ပင်။ သူသည် မနက်စာစားရန် ဟော်ဆွေ့ချန်း၊ ဟော်သခင်ကြီးတိုနှင့်အတူ စားပွဲ၌ ထိုင်နေခဲ့သည်။

ဟော်သခင်ကြီးသည် နိုခွက်ကိုကောက်ယူလိုက်ပြီး ပြန်ချလိုက်၏။ " အစောကြီးပဲရှိသေးတယ်၊ ဒါပေမယ့် သမီးက အရမ်းတက်ကြွနေပါ့လား "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now