Chapter 69: သူငယ်ချင်းပိစိသေးသေးလေးများနှင့် အသစ်တွေ့ရခြင်း

6K 890 18
                                    

Chapter 69: သူငယ်ချင်းပိစိသေးသေးလေးများနှင့် အသစ်တွေ့ရခြင်း

" စိတ်မဆိုးဘူး. . . ပြန်ရောက်ရင် အပြစ်ပေးရမယ် "

ဟော်ရှောင်းရှောင်းတစ်ယောက် ဒီနေ့သူမ၏လုပ်ရပ်များကို ရုတ်တရက်နောင်တရမိသွားသည်။

ထို့အပြင် ဒီညသူမပြန်ရောက်သည့် အချိန်တွင်လည်း သူမ၏အဘိုးထံတွင် အဆူခံရဦးမည်ဖြစ်၏။

ဟော်ဆွေ့ချန်းမှာ ယီသခင်ကြီး၏ မွေးနေ့ပါတီသို့ အရောက်နောက်ကျခဲ့သော်လည်း သူသည်ကလေးခေါ်လာသည့် တစ်ယောက်တည်းသောသူမဟုတ်ပေ။

သက်ကြီးရွယ်အိုများသည် ကလေးများပါဝင်သည့် မွေးနေ့ပွဲများကို အသက်ဝင်စွာ ဖြတ်သန်းလိုကြသည်။

" အန်ကယ်. . . မွေးနေ့ကစလို့ ကံကောင်းခြင်းတွေနဲ့ အချိန်အကြာကြီး ပိုနေသွားပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ကျွန်တော့် အဖေကလည်း သာကြောင်းမာကြောင်းမေးပြီး အန်ကယ့်အတွက် ပစ္စည်းသေးသေးလေးတစ်ခု ကျွန်တော့်ကို ပေးခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ "

ယီသခင်ကြီးသည် အသက် ၇၀ ကျော် ရှိနေပြီဖြစ်သည်။ သူသည် လက်ဆောင်ကိုလက်ခံပြီးသည့်နောက် ဟော်ဆွေ့ချန်း၏ လက်ထဲတွင် ချီထားသော ကလေးမလေးကိုကြည့်လိုက်ကာ အနည်းငယ် မှန်းဆကြည့်လိုက်သည်။ သူသည် ပြုံးပြလိုက်ပြီး ဟော်ရှောင်းရှောင်းကို စနောက်လိုက်၏။

" သမီးလေးရဲ့ နာမည်ဘယ်လိုခေါ်လဲ?"

" ဟော်ရှောင်းရှောင်း "

" အသက်ကရော ဘယ်လောက်ရှိပြီလဲ?"

"နှစ်နှစ်. . . ပြည့်တော့မယ် "

" သမီးက ယီချန်းထက် တစ်နှစ်ငယ်တာပဲ။ ယီချန်းကို သိလား??? သူက အဘိုးရဲ့ မြေးလေးလေ. . . သူနဲ့ရော သူငယ်ချင်းဖြစ်ချင်လား "

ဟော်ရှောင်းရှောင်းသည် ထိုကလေးငယ်များကို စိတ်မ၀င်စားဘဲ သူမဖေဖေကိုသာ မော့ကြည့်လိုက်သည်။

ယီသခင်ကြီးက ဟော်ရှောင်းရှောင်း၏ခေါင်းလေးကို ပုတ်လိုက်ကာ : "မင်းရဲ့ သမီးလေးက ဥာဏ်ကောင်းတယ်လို့ ငါကြားနေတာကြာပြီ. . . ဒီနေ့တော့ ငါကိုယ်တိုင် မျက်ဝါးထင်ထင်ပဲဟေ့ "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now