Chapter 18: ဖေဖေက ပိုအရေးကြီးတယ် (၂)
သူမနှင့် သူမ၏ဖေဖေတို့သည် တစ်နှစ်ကြာမျှ တွေ့ဆုံခြင်းမပြုခဲ့ရပေ။ ဒါတွေအတွက်ကြောင့်နဲ့ သူမအဖေကို စွန့်ခွာလိုက်လို့ ဘယ်လိုလုပ်ရမှာတုန်း။
ဒီလောကီပိုင်ဆိုင်မှုတွေနဲ့ယှဥ်ရင် သေချာပေါက် ဖေဖေက ပိုအရေးကြီးတာပေါ့. . .
သူမက ဟော်ဆွေ့ချန်းရဲ့ဝတ်စုံကော်လံကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားကာ နောက်တစ်ဖက်ကသူမရဲ့စကတ်လေးကို ဆုပ်ကိုင်ထားပြီး ဟော်သခင်ကြီးကို ဝမ်းသာသည့်မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
လာစမ်းပါ. . . ဒါတွေအားလုံးကို သူမအိတ်လေးထဲ ထည့်ပေးပါလို့. . .
ဖေဖေ့ကို ချစ်တာက ပြိုင်ကားတွေ၊ ဗီလာတွေနဲ့ ဘဏ်ကဒ်တွေကို ကြိုက်နှစ်သက်ခြင်းမှ မတားဆီးနိုင်ပေ။
ရှေးဟောင်းပစ္စည်းများ၊ လည်ဆွဲ၊ ဘဏ်ကဒ်၊ ပြိုင်ကားနဲ့ ဗီလာတွေက အကုန်လုံး ငါ့ဟာပဲ. . . တစ်ခုမှ အလွတ်ပေးမှာ မဟုတ်ဘူး. . .
ဒါကိုကြည့်ပြီး ဟော်သခင်ကြီးက ရယ်လိုက်လေသည်။ " ဟုတ်ပါပြီ ဟုတ်ပါပြီ. . .ဒါတွေအားလုံးက မင်းအပိုင်ပဲ ဟုတ်ပြီနော် "
ဟော်ရှောင်းရှောင်း တစ်ခါတစ်ရံ ကလေးနို့ဘူးကို ကိုင်ဖို့ သုံးပြီး ပစ္စည်းအားလုံးကို ထည့်ထားကာ ကျောတွင် သယ်ထားလေ့ရှိသည့် လွယ်အိတ်လေးကို ဟော်သခင်ကြီး သယ်လာခဲ့သည်။ “ မင်း ကျေနပ်ပြီလား. . . လောဘကြီးလွန်းတဲ့ ဆိုးပေလေး ”
အဆုံးမှာတော့ ဟော်ရှောင်းရှောင်းလျှာထုတ်ပြလိုက်ကာ ခဏအနားယူရန် ဟော်ဆွေ့ချန်းပခုံးပေါ်သို့ ဘာမှမပြောဘဲ လှည့်လိုက်သည်။
ပြီးနောက်သူမရယ်ပြလိုက်သည်။ အဆုံးမှာတော့ သူမက ဘာမှမသိသေးတဲ့ တစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ပဲလေ. . . ဒါလေးကို ရိုးရိုးသားသားအင်နိုးဆန့်လေးလို့ခေါ်ရမယ်။
ဟော်ရှောင်းရှောင်းအနေနှင့် တစ်နေ့လုံးစကားပြောချင်နေခဲ့သည်။ နောက်ဆုံးမှာတော့ သူမ စကားလုံးတစ်လုံး ပြောနိုင်ပြီးဖြစ်သောကြောင့် စကားပြောဖို့ မစောင့်နိုင်တော့ပေ။ သို့သော်လည်း သူမ၏အသက်အရွယ်ကြောင့် ကျရှုံးသွားတော့သည်။
YOU ARE READING
ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )
HumorGuide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 End Date_ All credit to original author and English translators.