Chapter 7: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာနေပေးလို့ရမလား (၃)

7.8K 995 16
                                    

Chapter 7: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာနေပေးလို့ရမလား(၃)

" တော်ဝင်သစ်ခွဗီလာ(အပန်းဖြေအိမ်)ကိုပဲ ပြန်သွားတော့ "

" ဟုတ်ကဲ့ "

တော်ဝင်သစ်ခွဗီလာက မြို့ရဲ့အလယ် အကောင်းဆုံးတည်နေရာမှာ တည်ရှိသည့် ကျော်ကြားတဲ့ ဗဟိုဗီလာတစ်ခုဖြစ်ကာ  ဟောဆွေ့ချန်းရဲ့ကိုယ်ပိုင်နေအိမ်လည်းဖြစ်သည်။ သို့သော်လည်း သူက ဒီနေရာကို ဘယ်သူကိုမှ လုံးဝခေါ်မလာခဲ့ပေ။

နာရီဝက်အကြာမှာတော့ တော်ဝင်သစ်ခွဗီလာရဲ့ တံခါးဂိတ်နားမှာ ကားရပ်လိုက်သည်။

ဟော်ဆွေ့ချန်းသည် ဟော်ရှောင်းရှောင်းကို လက်တစ်ဖက်တည်းဖြင့်ချီကာ အဆောက်အအုံထဲသို့ ဝင်ခဲ့လိုက်သည်။ တာဝန်ကျ ဝန်ထမ်းမလေးသည် သူ့အတွက် လော်ဘီတံခါးကို အပြုံးဖြင့် ဖွင့်ပေးပြီး ဓာတ်လှေကားခလုတ်ကို နှိပ်၍ ပိတ်ပေးရန် စောင့်နေပေသည်။ ထို့နောက်မှသာ ဟော်ဆွေ့ချန်းရဲ့လက်မောင်းထဲတွင် ပွေ့ထားသည့် ကလေးကို သူမ တွေ့လိုက်ရခြင်းဖြစ်သည်။

ဒီကလေးက အရမ်းချစ်စရာကောင်းလွန်းတယ်...

အသားအရေက ဖြူပြီး ကြည်လင်တဲ့ ခရမ်းရောင်သူငယ်အိမ်လေးတွေက မှေးမှိန်ပြီး ပွင့်နေတဲ့ မျက်လုံးလေး တွေထဲမှာ မြှုပ်ဝင်နေလေသည်။ ပြီးတော့ မျက်နှာဖောင်းဖောင်း သေးသေးလေးကလည်း လူတိုင်းကို ညစ်ချင်လာစေသည်။

သို့သော်လည်း သူမ အနည်းငယ်လန့်သွားခဲ့သည်။

သူမက မစ္စတာဟော် တစ်ယောက်တည်းအတွက်သာ အလုပ်လုပ်ပေးသည့် ၀န်ထမ်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တော်ဝင်သစ်ခွဗီလာကို သူ ပြန်ရောက်သည်နှင့် သူမ သူ့အတွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အပတ်တိုင်း နီးကပ်တဲ့ ထိတွေ့မှုရှိတယ်လို့တောင် ပြောနိုင်ပေသည်။ သို့သော်လည်း မစ္စဟော်အနားက အမျိုးသမီးတစ်ယောက်ယောက်တွင် ကိုယ်ဝန်ရှိနေတဲ့သတင်းကို သူမ လုံးဝ မကြားမိပေ။ ဒါ့အပြင် မစ္စတာဟော်က တစ်ယောက်ယောက်ကို ပြန်ခေါ်လာခဲ့တာကို သူမ လုံးဝ မတွေ့ဖူးပေ။

ဒါမှမဟုတ်...ဒီကလေးက မစ္စဟော်ရဲ့ကလေးတော့ မဟုတ်ဘူးမလား...

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now