Chapter 45: ဟော်သခင်ကြီး၏ဘဝဇာတ်ကြောင်း (၁)

6.4K 1K 26
                                    

Chapter 45:  ဟော်သခင်ကြီး၏ဘဝဇာတ်ကြောင်း (၁)

ဟော်ရှောင်းရှောင်းသည် အကြပ်အတည်းကြီးတစ်ခုနှင့် ကြုံနေရလေသည်။

သူမမျက်လုံးကို ဖွင့်လိုက်ပါက သူမအဖိုးနှင့် သူမတို့နှစ်ဦးသား နေမကောင်းဖြစ်သွားသည့်ဟန် လိမ်လည်လှည့်ဖျားခဲ့သည့်အချက်ကို သူမရင်ဆိုင်ခဲ့ရပေမည်။

အကယ်၍ သူမ၏မျက်လုံးများကို ဆက်မှိတ်ထားလျှင် သူမကြိုးစားပမ်းစားရထားခဲ့သော ငွေများအားလုံး ပါသွားတော့မည်ပင်။

ဘာလို့များ ဒီကမ္ဘာကြီးပေါ်မှာ သူမတစ်ယောက်တည်း ဒီလိုဒုက္ခမျိုး ခံစားရတာလဲ!?

သူဒါလက်စားချေနေတာပဲ!

ကျိန်းသေပေါက်ကို လက်စားပြန်ချေနေတာ!

သူမနားလည်ထားသော သူမဖခင်ဖြစ်သူ ဟော်ဆွေ့ချန်းသည် သူမနှင့်ဖျားနာချင်ယောင်ဆောင်ကာ လှည့်ဖြားနေသောအဖိုးတို့အား သေချာပေါက်လက်တုံ့ပြန်သင့်ပေသည်။

ထိုသူသည့် သူ့ကလေးဆီကတောင်လုယက်ပြီး ဗီလိန်အဖြစ်ခံနိုင်သူဖြစ်သည်။

ဒါတော်တော်လေး များသွားပြီနော်!!

" မင်းလေး ဘာစကားမှ မပြောဘူးဆိုတော့ ခွင့်ပြုတယ်လို့ပဲ အဖေသဘောထားလိုက်တော့မယ် "

အရမ်းရက်စက်တယ်!!

ဒါကြီးက အရမ်းကိုရက်စက်တယ်!!

တစ်ကယ့်ကို သည်းမခံနိုင်တော့ဘူး!

ဟော်ရှောင်းရှောင်းတစ်ယောက် ဒေါသတကြီးဖြင့် မျက်လုံးကိုဖွင့်လိုက်ပြီး ဟော်ဆွေ့ချန်း၏ လိမ်လည်လှည့်ဖျားမှုများအပြည့်ဖြင့်  မျက်လုံးများကို ကြည့်လိုက်သည်။

“ နိုးပြီလားကွ ”  ဟော်ဆွေ့ချန်းသည် သူမ၏လွယ်အိတ်သေးသေးလေးကို ကိုင်ထားပြီး သူမရှေ့မှာတောင် အထဲတွင်ပါသည့်အရာများအား အပြန်ပြန်အလှန်လှန် ကြည့်ပြနေသေးသည်။ “ ဗီလာသော့၊ ကားသော့၊ လည်ဆွဲ ၊ ဘဏ်ကဒ်. . . မင်းလေးကအခုထိ ငယ်ငယ်လေးပဲရှိသေးတယ်။ ဒါတွေကို မလိုအပ်သေးပါဘူး။  ပထမဦးဆုံး အဖေ့ရဲ့စောင့်ရှောက်မှုအောက်မှာ အဲ့ဒါတွေကိုထားထားလိုက်။ မင်းကြီးလာတဲ့အခါမှ အဲ့ဒါတွေကို ဖေဖေပြန်ပေးမယ် ”

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now