Chapter 80: ဟော်ရှောင်းရှောင်း၏ Comeback (၁)

5.9K 894 48
                                    

Chapter 80: ဟော်ရှောင်းရှောင်း၏ Comeback (၁)

ဒီလူကြီးက မျက်တောင်လေးတောင် တစ်ချက်မခတ်ဘဲ ဒီလိုအဓိပ္ပါယ်မရှိတာတွေ မပြောဘဲ မနေနိုင်ဘူးလား??

သူ့ကုမ္ပဏီကိုရော ဒီလိုပုံစံနဲ့ပဲ စီမံနေတာလား?? ဘယ်လိုတွေ လုပ်ကြမလဲ??

ဟော်ရှောင်းရှောင်း ဖြစ်ပျက်ခဲ့တာတွေကို တွေးလေလေ သူမ ဒေါသပိုထွက်လေလေ ဖြစ်သည်။ နောက်ဆုံးတွင် သူမ နောက်ပြန်ဆုတ်လေလေ၊ သူမ ရှုံးလေလေဖြစ်သည့် အမှန်တရားကို သူမ နားလည်သွားခဲ့သည်။

မဖြစ်ဘူး! သူမ နည်းလမ်းတစ်ခု ရှာရမယ်. . .

ဟော်ရှောင်းရှောင်း ပြတ်ပြတ်သားသား ထလိုက်ပြီး စားပွဲပေါ်ရှိ marker penကို ကြည့်လိုက်သည်။

ဟုတ်ပြီ!

သူမ marker penကို ယူကာ ဟော်ဆွေ့ချန်းရဲ့အခန်းကို သွားတော့သည်။

ဟော်ဆွေ့ချန်းက စာကြည့်ခန်းထဲတွင် အလုပ်လုပ်နေဆဲဖြစ်ပြီး သူ့အခန်းသို့ မပြန်ရသေးပေ။ ဟော်ရှောင်းရှောင်း တံခါးကို ဖွင့်လိုက်ပြီး သူ့အဝတ်လဲခန်းထဲသို့ ၀င်လိုက်သည်။ ဖန်သားဖြင့်ပြုလုပ်ထားသော မတ်တပ်ဗီရိုနောက်တွင် မရေမတွက်နိုင်သည့် သပ်သပ်ရပ်ရပ် မီးပူတိုက်ထားသော ရှပ်အင်္ကျီများနှင့် အမျိုးမျိုးသော ဝတ်စုံများကို ချိတ်ဆွဲထားသည်။

သူမ ခွေးခြေခုံလေးပေါ် တက်ရန် ရုန်းကန်လိုက်ပြီး ဗီရိုနောက်မှ လက်လှမ်းမီသည့် အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ဖြုတ်လိုက်ကာ ကြမ်းပြင်ပေါ်တွင် ဖြန့်ထားလိုက်သည်။ ထို့နောက် သူမယူလာသော အနက်ရောင်marker penကို ထုတ်လိုက်ပြီး ရှပ်အင်္ကျီနောက်တွင် လိပ်ကြီးကြီးတစ်ကောင်ကို စဆွဲတော့သည်။

လွန်ခဲ့သောအချိန်နည်းငယ်က အနုပညာဆရာ၏ သင်ကြားပြသမှုအောက်တွင် သူမ၏ပုံဆွဲစွမ်းရည်သည် အလွန်တိုးတက်လာခဲ့သည်။ သူမ မျဥ်းဖြောင့်များကို မဆွဲနိုင်ခဲ့သော်လည်း ယခုအချိန်တွင် လိပ်များကိုတော့ ကွက်ကွက်ကွင်းကွင်း ဆွဲနိုင်နေပြီဖြစ်သည်။
   
ပန်းချီကားပြီးသွားသည့်နောက် သူမဒေါသ၏တစ်ဝက်လောက်ကိုသာ ဖွင့်ထုတ်နိုင်ခဲ့သောကြောင့် ဟော်ရှောင်းရှောင်း မကျေနပ်သေးပေ။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now